14- စိတ်မပူပါနဲ့ ငါကအိပ်ယာပေါ်ကစွမ်းရည်ကောင်းပါတယ်

4.7K 700 15
                                    


ဖန်းချောင်စိတ်ထဲမှာ လုယန့်ကျိုးလို သူဌေးဒုတိယမျိုးဆက်က ဘာမှမလုပ်တတ်မကိုင်တတ်ဘဲ အပျော်အပါးလိုက်စားနေမယ်လို့ထင်ခဲ့ပေမယ့် မထင်မှတ်ထားဘဲ လုယန့်ကျိုးမှာ ဘဝအချိုးအကွေ့များစွာရှိနေခဲ့လေသည်။

ဖန်းချောင်က လုယန့်ကျိုးရဲ့အချစ်ဦးဇာတ်လမ်းလေးကို နေကြာစေ့စားရင်းနားထောင်ချင်ပေမယ့် လုယန့်ကျိုးကဘာမှထပ်ပြောမလာတော့ပေ။

" ခင်ဗျားAvatarက သစ်ရွက်ပုံဖြစ်နေတာလည်း မဆန်းတော့ပါဘူး ခင်ဗျားက အချစ်ဟောင်းကို တွေးနေမိတုန်းပဲကိုး "
ဖန်းချောင်သက်ပြင်းချလိုက်မိသည်။

လုယန့်ကျိုးမျက်မှောင်ကြုပ်လိုက်မိသည်။
ဒါက သူတမင်ရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ။

"ဥက္ကဋ္ဌလု ရှေ့လျှောက်လည်း ကျွန်တော်က ခင်ဗျားနဲ့ချစ်သူတွေလိုမျိုး ခင်ဗျားမိသားစုတွေရှေ့မှာ သရုပ်ဆောင်နေရဦးမှာလား "

"အင်း...ကိုယ့်အဖေအတင်းလက်ထပ်ခိုင်းတာကို ရပ်သွားမယ့်အထိပေါ့"

ဖန်းချောင်မှာ သူ့နှုတ်ခမ်းကို ကိုက်ပြီးအတွေးတွေများနေမိသည်။
ထိုအရာကိုမြင်တော့ လုယန့်ကျိုးက...

"စိတ်မပူပါနဲ့ ကိုယ်မင်းကိုပိုက်ဆံလုံလုံလောက်လောက်ပေးမှာပါ...မင်းပိုပြီးအောင်မြင်ချင်လား ဒါမှမဟုတ် ကိတ်မုန့်ဆိုင် နှစ်ဆယ်ဖွင့်ချင်လား မင်းကြိုက်တာရွေး "

"ဒါဆို...ကိတ်မုန့်ဆိုင်ကိုရွေးမယ်"

"ကောင်းပြီ "

အချစ်တော်လေးဘဝကနေ ရည်းစားအတုအဖြစ်ရာထူးတိုးသွားတဲ့နောက်မှာတော့ ကိတ်မုန့်ဆိုင်နှစ်ဆယ်သာရရင်ဆိုတဲ့အတွေးနဲ့ ဖန်းချောင်ပျော်နေမိသည်။
ဆိုင်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးဖို့ ဘယ်သူတွေကိုဖိတ်ရမလဲဆိုတာတောင်စဥ်းစားပြီးနှင့်ပြီ။
သေချာပေါက် လုယန့်ကျိုးကို အလယ်မှာရပ်ခိုင်းမှာပေါ့။

နောက်တော့ သူအိမ်ပြန်လိုက်ပြီး အိမ်ပြန်တဲ့လမ်းမှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုဖြတ်လာခဲ့ပြီး ထိုစာအုပ်ဆိုင်မှ မဂ္ဂဇင်းကာဗာအဖုံးမှာ လုယန့်ကျိုးပုံကိုမြင်ခဲ့လေသည်။ အများကြီးတွေးမနေဘဲ ဆိုင်ရှင်အား အအုပ်နှစ်ဆယ်ပေးဖို့ပြောပြီးဝယ်လိုက်လေသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now