7- ကျွန်တော့်ပါးစပ်စွမ်းရည်ကလည်း ကောင်းပါတယ်နော်

5K 746 45
                                    


ဝိုင်အများကြီးသောက်မိတာက ငါးပါးကိုမှောက်တော့တာပဲ။ ဟိုတယ်ကထွက်လာချိန်မှာပဲ သူ့ဖုန်းထဲမှာ ဒါဇင်ထက်မကခေါ်ထားတဲ့ဖုန်းခေါ်ဆိုမှုတွေကို မြင်လိုက်ရတာမလို့ ဒီနေ့က အရေးကြီးတဲ့အပိုင်းရိုက်ကူးဖို့ရှိတယ်ဆိုတာကို သတိရသွားစေသည်။
ကျွမ်းကျင်ဖြတ်လျှောက်သမားလေးတစ်ယောက်အနေနဲ့ သူဒီနေ့အခန်းက စကားပြောခန်းအနည်းငယ်ပါသည်လေ။

ဖန်းချောင်မှာ သူ့ခါးလေးကို ကိုင်ရင်း ရိုက်ကူးရေးရှိရာသို့ အမြန်သွားလိုက်သည်။ ရောက်ရောက်ချင်းမှာပဲ ရိုက်ကူးရေးရဲ့လေထုက လုံးဝအေးစက်နေသလိုခံစားလိုက်ရသည်။

"မင်းက ဘာဖြစ်နေတာလဲ!! " တံခါးနားမှာထိုင်နေတဲ့ ဒါရိုက်တာက ချက်ချင်းထရပ်လိုက်ပြီး အော်ပြောလာသည်။

"မင်းလိုဖြတ်လျှောက်တစ်ယောက်က ရိုက်ကူးရေးတစ်ခုလုံးကိုစောင့်ခိုင်းနေရအောင် မင်းကိုယ်မင်းဘာမှတ်နေလဲ!"

"....?"

ဖန်းချောင် သူပြောရမယ့်စာကြောင်းဆိုတာ သုံးလိုင်းတည်းပါ။
" သခင်လေး "
"ဟုတ်ကဲ့"
"ကောင်းပါပြီ "

ဒါအတွက်က သူမပါဘဲ အခြားအစေခံနေရာမှာသရုပ်ဆောင်တဲ့သူကိုအစားထိုးရိုက်ခိုင်းရင်တောင်ရနေတာလေ။

ဖန်းချောင် ခေါင်းလေးငုံ့နေလိုက်ရင်းပဲ သူဆူ​နေတာကိုနားထောင်နေလိုက်ရင်း နောက်မဖြစ်စေရပါဘူးလို့ ကတိပေးလိုက်သည်။

ဒါရိုက်တာရဲ့ ဒေါသတွေကိုခံယူပြီးနောက်မှာတော့
ဖန်းချောင်သူ့မျက်စိရှေ့ကထွက်သွားလိုက်ရင်း အဝတ်အစား စီစဥ်သူအဖွဲ့က ရင်းနှီးတဲ့ကောင်မလေးတစ်ယောက်ကို လက်ဆွဲခေါ်လိုက်ရင်း မေးလိုက်သည်။

"ဒါရိုက်တာကြီးက ဒီနေ့ဘာဖြစ်နေတာလဲ "

"နင်ကိုက ကံမကောင်းတာပါ..."

"ဘာဖြစ်လို့လဲ "

ဟန်ကျားယွဲ့ရဲ့ နားနေခန်းဆီကိုအကြည့်တစ်ချက်ပို့လိုက်ရင်း အသံတိုးတိုးလေးနဲ့...

"ဒီနေ့ကြယ်ပွင့်လေးက စိတ်အခြေအနေမကောင်းဘူးလေ...ပြီးတော့ ဒီတစ်မနက်လုံး ဇာတ်ကောင်ထဲလည်းစိတ်မရောက်တဲ့အပြင် အခုထိရိုက်သမျှအကုန်NGတွေချည်းပဲ။ ဒါပေမယ့် ဒါရိုက်တာက သူ့အပေါ်တော့ ဒေါသမထွက်ရဲဘူးလေ..."

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Donde viven las historias. Descúbrelo ahora