နောက်တစ်နေ့မနက်မှာတော့ ဖန်းချောင်လေယာဥ်ကွင်းကိုရောက်လာခဲ့သည်။
ရှေးခေတ်ဇာတ်လမ်းအတွက် တောင်ပိုင်းမှာရိုက်ကူးဖို့သွားရခြင်းဖြစ်ပြီး အေးဂျင့်ဖြစ်သူအပြင် လက်ထောက်အသစ်လေးပါလိုက်လာရလေသည်။အနုပညာရှင်အများကြီးကို ကြည့်ရှုပေးနေရတဲ့ အေးဂျင့်ရှန်းအတွက်တော့ အလုပ်တွေကအပုံလိုက်မလို့ ဖန်းချောင်ကိုလိုက်ပို့ပြီး အခြေတကျဖြစ်အောင်လုပ်ပေးပြီးတာနဲ့ ရှောင်ထောင်းနှင့်သာထားခဲ့ရမှာဖြစ်သည်။
လုမျိုးရိုးရဲ့ ဝမ်းကွဲညီလေးနဲ့ဘယ်လိုနှစ်ပါးသွားရမလဲတွေးနေတုန်းမှာ အေးဂျင့်ကသူ့အားလေယာဥ်လက်မှတ်လာပေးလေသည်။" ကျွန်တော်က ဘယ်တုန်းက first-classကိုဝယ်လိုက်တာလဲ"
လက်မှတ်ကိုကြည့်ရင်း ဖန်းချောင်အံ့ဩသွားရသည်။
ဖြတ်လျှောက်အဖြစ်ကနေပြောင်းလိုက်တဲ့ပထမဆုံး ဇာတ်လမ်းမှာတင်သူက first-classမှာစီးရပြီ။
နည်းနည်း လူအမြင်ကပ်စရာကောင်းမနေဘူးလား။အဲ့တာထပ်အဓိကအချက်က ကုမ္ပဏီကပိုက်ဆံပေးတာလား။
"စိတ်အေးအေးနဲ့သာစီးစမ်းပါ...ဥက္ကဋ္ဌလုက မင်းအတွက် first-classပြောင်းပေးထားတာ"
ဘေးနားကရှောင်ထောင်းက ဒီစကားကိုကြားတာနဲ့ မှတ်စုစာအုပ်လေးထဲမှာအသည်းအသန်ချမှတ်နေပုံမှာ သူ့အစ်ကိုကြီးကို ပြန်တင်ပြမည့်ပုံပင်။
လေယာဥ်ပေါ်ရောက်ရောက်ချင်းမှာပဲ ဖန်းချောင်က ဝေ့ပေါ်မှ အချက်ပေးမှုတစ်ခုရလိုက်ပြီး ထိုအရာမှာ တရားဝင်ပိုစတာပုံတွေဖြစ်ပြီး တရားဝင်အကောင့်က ဖန်းချောင်ကိုလည်းမန်းရှင်းခေါ်ထားလေသည်။
တင်ထားသောပုံကိုးပုံထဲမှာ သူ့ပုံကနောက်ဆုံးမှာဖြစ်ပြီး သူကလည်း ဇာတ်ဆောင်တွေထဲကတစ်ယောက်အဖြစ်သတ်မှတ်နိုင်သည်။ ပုံထဲက မင်းသားငယ်လေးပုံမှာ လူငယ်ဆန်ဆန်တက်ကြွဖျက်လတ်မှုအပြည့်ရှိပြီး ဖန်းချောင် ကျေနပ်စွာနဲ့ သူ့ပုံကိုသူ ချီးကျူးနေပြီး ခဏအကြာမှာတော့ မှတ်ချက်တွေထဲဝင်ကြည့်လိုက်သည်။ထင်ထားသလိုပင်...အများစုက ယဲ့ရန်၏ပရိတ်သတ်များဖြစ်ပြီး အနည်းစုကသာမင်းသားငယ်လေးကို ဂရုပြုမိကြသည်။
BẠN ĐANG ĐỌC
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
Tiểu Thuyết Chungmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.