လုယန့်ကျိုးက နေ့ခင်းအထိအိပ်ပျော်နေခဲ့ပြီး ထန်းဟောက်ထံမှမရပ်မနားဖုန်းခေါ်သံကြောင့် နိုးလာခဲ့သည်။
ဖုန်းကိုင်လိုက်ချင်းမှာပဲ တစ်ဖက်မှ မနာလိုပီတိတွေဖြစ်နေပုံရသောအသံကိုကြားလိုက်ရလေသည်။"ဘယ်လိုလဲကွ! မင်းချစ်သူလေးက သူ့ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ နည်းနည်းချင်းစီပဲ အောင်မြင်လာတာကို မစောင့်နိုင်တော့ မင်းကိုယ်တိုင်ဝင်ပါပြီးကူညီပေးနေတာလား"
လုယန့်ကျိုးက အိပ်နေပုံမှာဇောက်ထိုးပင်ဖြစ်နေပြီး အရက်မူးဒဏ်ကြောင့်ခေါင်းကိုက်နေဆဲဖြစ်ရာ ထန်းဟောက်ဘာတွေပြောနေမှန်းမသိဘဲ ဖုန်းကိုသာချလိုက်တော့သည်။
အိပ်ယာထပြီးမျက်နှာသစ်ပြီးချိန်မှာတော့ ဖုန်းကိုယူလိုက်ရင်း ထန်းဟောက်ဆီမှစာများကိုတွေ့လိုက်ရသည်။
"မင်းရဲ့ချစ်သူလေးနဲ့ အိပ်ယာပေါ်မှာလူးလှိမ့်နေတုန်းလား...နှောင့်ယှက်မိသွားရင် ဆောရီး...ဆက်လုပ် ဆက်လုပ်"
လုယန့်ကျိုးက မျက်မှောင်ကြုံ့မိသွားပြီး ဘာတွေပြောနေတာလဲလို့ထန်းဟောက်ကို မေးခါနီးဆဲဆဲမှာ နာမည်ကြီးနေသောသတင်းဟာ သူ့ဖုန်းစခရင်၏ ဘားမှာပေါ်လာလေသည်။
#ဖန်းချောင်နဲ့ နာမည်ကြီးအနုပညာကုမ္ပဏီသူဌေးတို့က ညလယ်ရဲ့လမ်းမပေါ်မှာ ချစ်စိတ်ပြင်းပြစွာနမ်းရှိုက်နေ#အညွှန်းမှ 'နာမည်ကြီးအနုပညာကုမ္ပဏီ၏သူဌေး'ဆိုတာကိုမြင်လိုက်ချိန်မှာ လုယန့်ကျိုးအော်ရယ်မိသွားပြီး သူ့ရဲ့အတင်းအဖျင်းသတင်းကို ဝင်ကြည့်ဖို့မစောင့်နိုင်တော့ပေ။
သတင်းမှပုံဟာ မနေ့ညက ဘားတံခါးနားမှလုယန့်ကျိုးက ဖန်းချောင်ကို နမ်းနေသောပုံဖြစ်ပြီး ပါပါရာဇီတွေဟာ နှစ်ယောက်လုံးရဲ့ဘေးဘက်မျက်နှာကို မြင်ရသောရှုထောင့်မှရိုက်ထားသောပုံဖြစ်သည်။
မီးရောင်ဖျော့ဖျော့အောက်က အနမ်းပုံဟာ အတော်လေးကို အနုပညာဆန်လှသည်။ ဘေးစောင်းမျက်နှာနှစ်ခုကို ပုံကြီးချဲ့ကြည့်ရင်း သူတို့နှစ်ယောက်လုံး ချောမောနေကြသည်။တစ်ယောက်က အများလုထုအမြင်မှာ ထွက်ပေါ်လာတာရှားသော ကုမ္ပဏီ၏သူဌေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ဖြတ်လျှောက်မင်းသားနေရာတွေသာ သရုပ်ဆောင်သောသူဖြစ်ပြီး ဘာမှမဟုတ်သေးပေ။
တကယ်ဆို ဒီအရာက နာမည်ကြီးသတင်းဖြစ်စရာအကြောင်းမရှိသော်လည်း နှစ်ယောက်လုံးကချောမောနေကြသောကြောင့် ရုပ်ရည်ချောမောမှုကိုအလေးထားသော လုထုရဲ့အာရုံစိုက်မှုကိုဆွဲခေါ်နိုင်ခဲ့ပြီး ထိုသတင်းကြောင့်နဲ့ ပရိတ်သတ်တွေဟာ တအားကိုမှစိတ်လှုပ်ရှားသွားကြသည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.