Extra 2 အတူတကွနေထိုင်ခြင်း

3.4K 462 13
                                    


ကြင်သူသက်ထားလေးရှိသောလူတစ်ယောက်အနေနဲ့ လုယန့်ကျိုးကအိမ်ကိုစောစောပြန်ပြီး ထမင်းဟင်းချက်ပြုတ်ပြီး တစ်နေ့လုံးပင်ပင်ပန်းပန်းနဲ့ပိုက်ဆံရှာနေရပြီး ဒီတလောစီးပွားရေးအတွက်ပွဲလမ်းအချို့ကိုတက်စရာမလိုတာကြောင့် သခင်လေးဖန်းနဲ့ညစာအတူစားဖို့စောင့်နေတတ်သည်။

ဖန်းချောင်က အရင်နှစ်တွေအကြာကြီးကစ အချက်အပြုတ်ပညာကိုသင်ယူခဲ့ပြီး သူ့ရဲ့အချက်အပြုတ်စွမ်းရည်ကလုယန့်ကျိုးထက်ပိုကောင်းသော်လည်း လုယန့်ကျိုးရဲ့စိတ်အားထက်သန်နေမှုတွေကို မဖျက်ဆီးချင်တာကြောင့် အချက်အပြုတ်နဲ့ပတ်သတ်တာကို လုယန့်ကျိုးဆီသာလက်လွှဲထားလိုက်တော့သည်။

ညစာစားပြီးတဲ့နောက်မှာတော့ ဖန်းချောင်က ဆေးကြောရေးကိုတာဝန်ယူလိုက်ပြီး လုယန့်ကျိုးကတော့ အေးအေးဆေးဆေးအချိန်ဖြုန်းရင်း TVကြည့်နေရမယ့်အစားမီးဖိုချောင်ထဲမှာသာနေပြီး ဖန်းချောင်ကိုအနှောက်အယှက်ပေးတတ်သည်။ သူတို့ကဒီမီးဖိုချောင်အကျယ်ကြီးထဲမှာတူတူရှိနေမှသာ အိမ်လေးကပိုအသက်ဝင်မည်တဲ့လေ။

" ဒါဆိုလည်းမီးဖိုချောင်ကိုချုံ့လိုက်ပေါ့ ဘာကိစ္စ တရုတ်စတိုင်လ်ရော အနောက်တိုင်းစတိုင်လ်ရောပါတဲ့ မီးဖိုချောင်အကြီးကြီးထားနေသေးလဲ"

ဖန်းချောင်အမေးကို လုယန့်ကျိုးကဘာမှမပြောဘဲ အနောက်ဘက်မှနေသာပွေ့ဖက်လိုက်ရင်း သူ့ရဲ့မေးကို ဖန်းချောင်ပခုံးလေးကိုတင်လိုက်ပြီး " အားတဲ့နေ့တစ်နေ့ရှာထားပြီး မင်းလေးရဲ့ပစ္စည်းတွေကို ကိုယ့်အိမ်ကိုသယ်လာခဲ့တော့ကွာ"

"ဘာလို့..." ဖန်းချောင်ရှုပ်ထွေးသွားဟန်နဲ့အနောက်ကိုလှည့်လိုက်တော့ သူ့နှာခေါင်းထိပ်လေးက လုယန့်ကျိုးနှာခေါင်းထိပ်နဲ့ ထိကပ်သွားလေသည်။ လုယန့်ကျိုးက အချင်းချင်းကိုအသာလေးပွတ်သပ်လိုက်ရင်း ပြုံးလိုက်ပြီးနောက်

" အခုမင်းက ကိုယ့်မိသားစုကိုလည်းတွေ့ပြီးပြီ... အခုက အတူတူနေဖို့အချိန်ရောက်လာပြီလေအချစ်ကလေးရဲ့"

ဖန်းချောင်ပြုံးမိသွားပြီး နှလုံးသားကတော့ ချိုလွန်းတာထက်ပင် ပိုနေသေးသည်။ တစ်ကိုယ်လုံးနွေးထွေးမှုတွေဖုံးလွှမ်းသွားကာ ရင်ထဲကပန်းရောင်ပူဖောင်းလေးတွေတောင်အပြင်ကိုလျှံထွက်ကျလာတော့မလိုပင်။
ဒီလူကေတာ့ ဟင်းပွဲထဲသကြားတွေအများကြီးများ ထည့်ခဲ့လေရော့လား။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now