Extra 1 မိသားစုဝင်များနဲ့တွေ့ဆုံခြင်း

3.9K 534 6
                                    


လုယန့်ကျိုးက လုလုမွေးနေ့မှာ ဖန်းချောင်ကိုအိမ်တော်သို့ခေါ်သွားခဲ့ပြီးဤအရာဟာ မိသားစုများနဲ့တရားဝင် မိတ်ဆက်ပေးခြင်းပင်။

မိသားစုတစ်ခုလုံးက ကြည်နူးဖွယ်ကောင်းပြီး သဟဇာတဖြစ်စွာပင်ညစာကိုအတူစားသုံးခဲ့ကြသည်။ အထူးသဖြင့် အဖော်ရွေဆုံးကတော့ လုကတော် လုယန့်ကျိုးတို့အမေနှင့် လုယန့်ရှင်းဇနီးဖြစ်သူတို့ပင်။ ညစာစားချိန်မှာထိုသူတွေက ဖန်းချောင်ဆီသို့ စားစရာတွေထည့်ပေးဖို့ လုယန့်ကျိုးက ခဏခဏတိုက်တွန်းနေကြပြီး လုယန့်ကျိုးကလည်း လက်တွေရှုပ်လွန်းနေတာကြောင့် အစားအစာတို့ကို ဖန်းချောင်ပါးစပ်ထဲတိုက်ရိုက်ထည့်မလိုပင်ဖြစ်သွားသည်။

ဖန်းချောင်အတွက်ကလည်း ဒီလိုမိသားစုတွေ့ဆုံပွဲမျိုးကို တက်ရောက်ရခြင်းက ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သူလည်း အတော်လေး မနေတတ်ဖြစ်နေကာ သူ့မျက်လုံးရှေ့က တောင်လိုပုံနေတဲ့ဟင်းပွဲတွေကိုကြည့်ရင်း အကုန်လုံးကို နည်းနည်းစီသာစားနိုင်ခဲ့သည်။

စားပွဲထိပ်မှာထိုင်နေသောလုကျန့်ကွော်က အတည်လေးနက်စွာကြည့်ရင်း ပြောလာခဲ့သည်။

"ဖန်းချောင်"

ရုတ်တရက်အခေါ်ခံလိုက်ရတာကြောင့် ဖန်းချောင်မှာ ထိတ်လန့်သွားပြီး သူစားနေတဲ့ ဝက်လက်စတူးပင် ပန်းကန်ထဲကိုပြန်ပြုတ်ကျသွားရသည်။ သူအိမ်ထဲကိုရောက်ပါပြီဆိုကတည်းက လူအိုကြီးလုက သူ့ကိုစကားတစ်ခွန်းမှမပြောခဲ့ခြင်းဖြစ်ပြီး အခုမှ အတည်ပေါက်မျက်နှာပေးကြီးနဲ့ အတည်ပေါက်အသံနေအသံထားကြီးနဲ့ သူ့ရဲ့အနာဂတ်ချွေးမလောင်းလေးကို ပညာပေးဖို့ ဘယ်လိုတောင်လှည့်စားတဲ့မေးခွန်းတွေမေးတော့မလို့ပါလဲ။ ဖန်းချောင်က ရင်တုန်ပန်းတုန်ဖြစ်နေပြီး လူအိုကြီးလုက "မင်းဘယ်အချိန်ကလေးယူမှာလဲ"ဆိုတဲ့မေးခွန်းမျိုး‌ မေးမှာကိုစိုးရိမ်နေမိသည်။

"မင်းက အဆိုတော်ဖြစ်ခဲ့တာဆို" လူအိုကြီးလုကမေးလာ၏။

ဖန်းချောင်ခမျာ စိတ်သက်သာရာရစွာနဲ့သက်ပြင်းအရှည်ကြီးချပြီးမှ နာနာခံခံလေးခေါင်းငြိမ့်ပြလိုက်သည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now