ဖန်းချောင်အမြင်ကပ်စွာနဲ့နှာခေါင်းရှုံ့ရင်း သူ့လိုအသည်းနှလုံးမရှိတဲ့သူကို ဘယ်သူကလွမ်းမှာလဲလို့တွေးလိုက်ပေမယ့် ပြန်ပြောလိုက်သည်က...
"အင်း...ခေါ်ပါမယ်"(T/N- မနေ့ကအပိုင်းမှာ ဒီစာနေရာကျန်ခဲ့တာကိုမတွေ့လိုက်လို့အခုမှထည့်လိုက်ပါတယ်။ ဆောရီးပါ)
_________________________________________
သရုပ်ဆောင်ခြင်းနဲ့ပတ်သတ်တဲ့အခါ အရေးအကြီးဆုံးက အရည်အချင်းနဲ့ကျွမ်းကျင်လိမ္မာပါးနပ်မှုပင်ဖြစ်သည်။
ဥပမာပေးရရင် ယဲ့ရန်ရဲ့မေဂျာက ကွန်ပျူတာသိပ္ပံဖြစ်သော်လည်း လမ်းတစ်ဝက်မှာတင် အနုပညာရေးဘက်ကိုပြောင်းလဲသင်ကြားခဲ့ပေမယ့် ပွဲဦးထွက်ပြီးသုံးနှစ်အတွင်းမှာပင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိခဲ့တာက တကယ်ကိုသရုပ်ဆောင်ပညာနဲ့ပတ်သတ်၍အရည်အချင်းရှိကြောင်းပြောနိုင်သည်။
ဖန်းချောင်အပေါ်ကိုတော့ နတ်ဘုရားကခက်ခဲအောင်လုပ်နေတုန်းပင်။
သူဟာ ကင်မရာရှေ့ရပ်ပြီး ဘာအမူအရာမှမရှိဘဲ စာသားတွေကိုတောက်လျှောက်ပြောနေပုံမှာ စိတ်ခံစားချက်မဲ့လူသတ်သမားအလား။
ဒါရိုက်တာရှုမှာ သူ့ခေါင်းကိုသူကိုင်ထားရင်းအတော်လေးကိုစိတ်ညစ်နေပုံပေါ်သည်။
အဆင်မပြေဖြစ်နေသော်လည်း သူဌေးကြီးမှထည့်ထားခဲ့သူမလို့ သူ့မှာအော်ဟစ်မဆူရဲပေ။NGတွေကဆယ်ခါထက်မနည်းဖြစ်လာတဲ့အခါမှာ ရိုက်ကူးရေးကြာချိန်မှာပိုမြင့်လာခဲ့တာကြောင့် ဖန်းချောင် အားနာမိနေသည်။
သရုပ်ဆောင်ရေးနဲ့ပတ်သတ်ပြီး အကြံဥာဏ်တွေကလိုနေဆဲဖြစ်တာကြောင့် ဖန်းချောင်တွေးလိုက်မိသူမှာ ယဲ့ရန်အပြင်မရှိပေ။ယဲ့ရန်ကလည်း ဖန်းချောင်တစ်ယောက်သူ့နားနေခန်းရှေ့မှ ခိုးကြောင်ခိုးဝှက်နှင့်ဟိုဟိုဒီဒီလျှောက်နေတာကိုသတိထားမိတဲ့အခါ သူမမေးဘဲမနေနိုင်တော့။
"ဘာကိစ္စရှိလို့လဲ "
ဖန်းချောင်ရှက်ကိုးရှက်ကန်းနဲ့သူ့ခေါင်းသူကုပ်လိုက်ရင်း
"မစ္စတာယဲ့ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ ကျွန်တော်ကိုသင်ပြပေးနိုင်မလားဟင်"
ESTÁS LEYENDO
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
Ficción Generalmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.