Extra 4 ပင်လယ်ဓားပြသင်္ဘောစီးရင် ရောက်လာခဲ့သလို

4K 553 26
                                    


ရုပ်ရှင်ထွက်ရှိပြီးနောက်မှာတော့ အနုပညာလောကမှ ထွက်ခွာသွားသူဖန်းချောင်က ဤရုပ်ရှင်နှင့်အတူ သူ့ဘဝသက်တမ်းတစ်လျှောက်မှာရိုက်ကူးဖူးမှုတို့ဖြင့် အကောင်းဆုံးဖြတ်လျှောက်ဆုကိုရရှိခဲ့သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ.... ဒါကလုယန့်ကျိုးက အဆက်အသွယ်သုံးပြီးဒီဆုကိုဝယ်ခဲ့တာ။

လုယန့်ကျိုးက ဖန်းချောင်ကို အံ့ဩစေချင်တာကြောင့် တမင်မပြောဘဲထားခဲ့သည်။ ထိုနေ့မှာ လုယန့်ကျိုးက စားစရာတွေကိုဝယ်လာလို့ တစ်ဖက်ကသယ်ထားရင်း ကျန်လက်တစ်ဖက်က ရွှေဖလားဆုကိုကိုင်ထားလေသည်။ အိမ်မှာသန့်ရှင်းရေးလုပ်နေတဲ့ ဖန်းချောင်က သန့်ရှင်းရေးစက်ကိုလက်မှချရင်း တံခါးကိုပြေးဖွင့်ပေးလေရာ ရွှေဖလားဆုကိုမြင်လိုက်ရတဲ့အခါ သူက သာမန်ကာလျှံကာမေးလာသည်။

" ဘာလဲ အစားအစာဝယ်ရင် ဒီလိုဆုဖလားကိုမေတ္တာလက်ဆောင်ပြန်ပေးတာလား"

လုယန့်ကျိုး "...."

ထို့နောက်မှာတော့ လုယန့်ကျိုးက ဤတံဆိပ်ဟာ ဘယ်လိုဖြစ်တည်လာကြောင်း၊ ဒါကိုရဖို့ လူအများကြီးကိုအကူအညီတောင်းခဲ့ရတဲ့အပြင် သူ့အစ်ကိုလုယန့်ရှင်းကိုပါ ဒုက္ခပေးခဲ့ရကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြနေပါတော့သည်။

လုယန့်ကျိုး၏ရှင်းပြမှုမှတစ်ဆင့် ဤဆုဟာဘယ်လောက်တန်ကြောင်းသိလိုက်ရတဲ့အခါ ဖန်းချောင်မှာအံ့ဩတကြီးနှင့်
" ဘာလို့အဲ့ဒီလောက် ဒုက္ခခံနေတာလဲ"

လုယန့်ကျိုးတစ်ယောက် ဖန်းချောင်အသစ်ဆိုးထားသော ရွှေဝါရောင်ဆံပင်လေးကိုခပ်ဖွဖွပွတ်သပ်လိုက်ရင်း
"မင်းက ဘာဆုမှမရခဲ့ဖူးတော့ ဒီလိုကောင်းမွန်တဲ့ခံစားချက်လေးကိုလည်း မင်းကိုခံစားစေချင်လို့လေ"

ဖန်းချောင်က နှုတ်ခမ်းကိုစူလိုက်ရင်း ခပ်တိုးတိုးလေး‌ပြောလိုက်၏။
" ဘာကိုကောင်းမွန်တဲ့ခံစားချက်လဲ ဒါက ခင်ဗျားညီလေးလောက်တော့ ခံစားချက် ကောင်းမွန်မနေစေ.... အာ့ ဘုရားရေ"

ဖန်းချောင်စကားမဆုံးခင်မှာ လုယန့်ကျိုးဆီမှပွေ့ချီခြင်းခံလိုက်ရပြီး အိပ်ယာထဲသို့ခေါ်ဆောင်သွားကာ ကောင်းမွန်တဲ့ခံစားချက်ကိုအပြည့်အဝပေးရှာလေတော့သည်။

🎉 You've finished reading ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) 🎉
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now