ညစာစားချိန်မတိုင်ခင်မှာတော့ လုလုအား လုယန့်ရှင်းရဲ့ဒါရိုက်ဘာကလာခေါ်သွားလေပြီး ပြန်ချင်ပုံမရသေးတဲ့လုလုက မပြန်ခင်အထိ "တာ့တာ ဦးဦးဖန်းချောင်"ဆိုပြီး အကြိမ်ပေါင်းများစွာနှုတ်ဆက်သွားလေတာကြောင့် ဖန်းချောင်မှာဆယ်နှစ်လောက်အသက်ကြီးသွားသလိုခံစားလိုက်ရသည်။ကလေးဆိုးကိုပထုတ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဦးဦးလုယန့်ကျိုးဟာဆိုရင်ဖြင့် တအားကိုပေါ့ပါးသွားပြီး ဖုန်းခေါ်ဆိုမှုတစ်ခုအပြီးမှ အပြင်ထွက်ဖို့ပြင်လေသည်။
ဖန်းချောင်အနေနဲ့ သူ့ရဲ့Sugar Daddyရဲ့ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်မေးခွင့်မရှိကြောင်းသူ့ကိုယ်သူသိသော်လည်း မနေနိုင်ပါဘဲမေးလိုက်မိလေသည်။"ဥက္ကဋ္ဌလုကဘယ်သွားမလို့လဲ"
"သူငယ်ချင်းတွေနဲ့ သွားသောက်မလို့"
"ကျွန်တော့်ကိုရော ခေါ်သွားလို့ရမလား"
ဖန်းချောင်ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ ထိုမေးခွန်းကပါးစပ်မှအလိုလိုထွက်သွားလေသည်။
ဖန်းချောင်ဘက်မှထိုကဲ့သို့တောင်းဆိုလာမည်ဟုမမျှော်လင့်ထားပေမယ့် ခေါ်သွားဖို့ကအဆင်ပြေပါသည်။
သူနဲ့သောက်ကြမည့်သူငယ်ချင်းတွေဟာ play boysတွေပဲဖြစ်ပြီး သူတို့ကလည်း ကောင်လေးတွေကိုခေါ်လာနေကျပင်။
ဒါပေမယ့် လုယန့်ကျိုးကတော့အဲ့ဒီလို ခေါ်သွားလေ့မရှိတာကြောင့် နည်းနည်းတော့တွန့်ဆုတ်နေပေမယ့် ဖန်းချောင်ရဲ့ စ်ိတ်အားထက်သန်စွာနဲ့မျှော်လင့်နေတဲ့မျက်လုံးလေးကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူ့နှလုံးသားကချက်ချင်းပျော့ပျောင်းသွားရသည်။ကောင်းပြီလေ...ခေါ်လိုက်ရုံပေါ့!
လုယန့်ကျိုးခေါ်လာတဲ့ဘားက တော်ရုံလူများသတိမထားမိနိုင်သောလမ်းမှာတည်ရှိနေပြီး ဘားအရှေ့မှာတော့ SUVကားအနက်ရောင်အတော်များများပါကင်ထိုးထားကြသည်။
ဘားက အခြားဘားများနှင့်မတူစွာ ဘာဆူညံသံမှမရှိဘဲ မှိုင်းထိုင်းထိုင်းပုံစံဖြစ်နေတာကြောင့် ဖန်းချောင်အစပိုင်းမှာတွေးမိလိုက်တာက လူနည်းစုသာလာကြတဲ့ အနုပညာဆန်ဆန်ဘားငယ်လေးဟုသာထင်လိုက်ပေမယ့် အထဲရောက်တဲ့အခါမှာတော့ သူထင်တာတက်တက်စင်လွဲကြောင်းသိလိုက်ရသည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.