28- ချောကလက်တစ်ဘူး

3.9K 707 19
                                    


အဖြစ်အပျက်တွေကပြီးဆုံးသွားခဲ့ပြီး ရှင်းကျိုးအနုပညာကုမ္ပဏီက စန်းယင်းကျယ်အား ယခုကဲ့သို့ရှေ့ထွက်ပြောဆိုဖို့ နာမည်ကြီးရင်းနှီးမြှုပ်နှံမှုရှိ​သောTVဇာတ်လမ်းတစ်ခုမှာ ခေါင်းဆောင်မင်းသားနေရာအား လျော်ကြေးအဖြစ်ကမ်းလှမ်းခဲ့တာကြောင့်  ဖန်းချောင်က ဇာတ်ကောင်အားယူလိုက်ခြင်းက စန်းယင်းကျယ်အပေါ်ဆုံးရှုံးမှုကြီးတစ်ခုတော့မဖြစ်စေတော့ပါ။
ထို့ထက်ပိုပြီး ဒီအဖြစ်အပျက်ကိုအရင်းခံ၍ ယဲ့ရန်ရဲ့ဇာတ်လမ်းတွဲက အာရုံစိုက်ခံရမှုတွေအများကြီးရခဲ့ပြီး နောက်နှစ်ထွက်မယ့် ဇာတ်လမ်းတွဲများမှာအာရုံစိုက်စောင့်မျှော်ခံရမှုမဲအများဆုံးဇာတ်လမ်းတွဲပင်ဖြစ်သွားခဲ့သည်။

ဖန်းချောင်သည်သာ ရိုလာကိုစတာစီးရသလို အစပိုင်းမှာ ပရိတ်သတ်တွေလျော့သွားပြီး နောက်ပရိတ်သတ်များတိုးလာခဲ့ကာ အဆုံးမှာတော့ ပရိတ်သတ်အရေအတွက်ဟာ အရင်ကတိုင်းပင်ဖြစ်နေပြီး ထူးထူးခြားခြားပြောင်းလဲတာမျိုးမရှိခဲ့ပေ။

ဒါပေမယ့် သူ့ရဲ့ပရိတ်သတ်အသစ်လေးတွေကြားထဲမှာ သူ့သူဌေးဖြစ်သူပါ ပါလာတာကိုတော့ဖြင့် ဖန်းချောင်တစ်ယောက် မသိခဲ့ပါ။

လုယန့်ကျိုးက အိပ်ယာမဝင်ခင်မှာ ဖန်းချောင်ရဲ့ဝေ့ပေါ်အကောင့်မှ လွန်ခဲ့တဲ့နှစ်ဝက်လောက်ကတင်ထားသော အကြောင်းအရာများကိုကြည့်နေ​ပြီးအများစုကတော့ အခါကြီးရက်ကြီးတွေမှာ ဆယ်လ်ဖီးပုံနဲ့အတူ နှုတ်ဆက်စကား၊ဆုတောင်းစကားပြောထားတာတွေသာဖြစ်ပြီး ပရိတ်သတ်တွေဘက်မှတုံ့ပြန်မှုကလည်း အနည်းငယ်သာရှိသည်။

စိတ်မကောင်းသွားတဲ့လုယန့်ကျိုးက ဖန်းချောင်ရဲ့ပရိတ်သတ်ပုံစံအယောင်ဆောင်ရင်း ဖန်းချောင်ဆီသို့ Private Messageပို့လိုက်သော်လည်း နောက်တစ်နေ့အထိပြန်စာမရခဲ့ပေ။
ဒီလိုနဲ့ပဲ ဖန်းချောင်ဟာ ပရိတ်သတ်တစ်ယောက်အားမျက်စိတစ်မှိတ်အတွင်းဆုံးရှုံးလိုက်ရလေသည်။

မတ်လမှာတော့ တောင်ပိုင်းရဲ့အပူချိန်က အတော်ကိုမြင့်တက်လာပြီး ဖန်းချောင်က ရှေးခေတ်ဝတ်စုံထူထူကြားမှာ ချွေးပင်လယ်ဝေနေခဲ့လေပြီ။
ရိုက်ကူးရေးပြီးပြီးချင်းမှာပဲ နားနေခန်းကိုအမြန်ပြေးပြီး အဝတ်အစားများလဲရလေသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now