"ဖန်းချောင်လိုမင်းသားမျိုးက တကယ်ကိုရှားပါးတဲ့ရတနာလိုပဲ "ဒါရိုက်တာရဲ့စကားကြောင့် အဖွဲ့သားတွေအပါအဝင် ဖန်းချောင်ပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အထူးအဆန်းသဖွယ်ခံစားနေရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဖန်းချောင် သူ့အလုပ်ကို အဆုံးထိပြန်လုပ်နိုင်ခဲ့သည်။ ဟန်ကျားယွဲ့ကတော့ ဖန်းချောင်ကိုဒေါသတွေထွက်နေပေမယ့် နောက်တစ်ကြိမ်ထပ်ပြီးတော့ ပြဿနာမရှာတော့ပေ။
လုယန့်ကျိုးကများ အကုန်စီစဥ်ပေးခဲ့တာလား။သူက သူ့Sugar Daddyဆီကနေအစွန့်ပစ်ခံရတော့မယ်လို့တွေးထားတာလေ။ မထင်မှတ်ထားစွာနဲ့ပင် ထိုလူ့ဆီမှ အကာအကွယ်တောင်ရလိုက်သေး။
လူ့စိတ်ဆိုတာ ဖတ်လို့မရဘူးပဲ။ဖန်းချောင်တွေးမိကတာတော့ သူ့ရဲ့ကျေးဇူးတင်မှုကိုဖော်ပြဖို့အတွက် ဖုန်းဆက်သင့်တယ်ပေါ့။ ဒါပေမယ့် ဖုန်းကိုကိုင်ကိုင်ချင်းသိလိုက်ရတာက သူ့မှာလုယန့်ကျိုးဖုန်းနံပါတ်မရှိခြင်းပင်။
သူတို့ဆက်သွယ်ပြီဆိုရင် လုယန့်ကျိုးလက်ထောက်ဆီမှတစ်ဆင့်သာ ဆက်သွယ်ကြတာဖြစ်သည်။ဒါကြောင့်မလို့ လုယန့်ကျိုးလက်ထောက်ဆီသာ စာလှမ်းပို့လိုက်သည်။
- ဥက္ကဋ္ဌလုကို ကျေးဇူးတင်ပါတယ်။ ဖြတ်လျှောက်ကောင်းတစ်ယောက်ဖြစ်အောင်ရိုက်ကူးပြီး ဥက္ကဋ္ဌလုကိုစိတ်မပျက်စေရပါဘူး။လက်ထောက်ဖြစ်သူက လုယန့်ကျိုးဆီမှ စာရင်းဇယားအတွက်လက်မှတ်ထိုးတာကိုစောင့်နေချိန်မှာ ထိုစာလေးဟာ ဝင်လာခြင်းဖြစ်ပြီး ဖတ်ပြီးပြီးချင်းမှာပင် ရယ်မိချင်မိသွားပြီး လုယန့်ကျိုးထံသို့ ချက်ချင်းပြလိုက်၏။
လုယန့်ကျိုးက သိပ်ဂရုမစိုက်ဘဲ 'ကောင်းပြီ'လို့သာ စာပြန်ဖို့လုပ်လိုက်ပေမယ့် ဖြတ်လျှောက်ဆိုတဲ့စကားလုံးကို တစ်ခုခုမှားနေသလိုခံစားနေရသည်။
အဲ့ဒီနောက်မှာတော့ သူကဖန်းချောင်အတွက် အပိုင်းတွေထပ်ထည့်ဖို့ အမိန့်ပေးလိုက်သည်။
ရလဒ်အနေနဲ့ကတော့ အစေခံနေရာမှာသရုပ်ဆောင်ရတဲ့ဖန်းချောင်က အိမ်ဖော်မလေးနဲ့ချစ်ကျွမ်းဝင်သွားတဲ့အပိုင်းကို ရိုက်လိုက်ရလေသည်။
ထို့ကြောင့် သုံးရက်နှင့်ပြီးရမည့်ရိုက်ကူးရေးဟာ တစ်ပတ်ကြာသွားခဲ့လေသည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.