10- ဘာလုပ်နေတာလဲ အဖေလို့ခေါ်လိုက်လေ

4.8K 734 9
                                    


"တိုက်ဆိုင်လိုက်တာ... ဥက္ကဋ္ဌလုကတစ်ယောက်တည်းလား "
ဖန်းချောင်တစ်ယောက်လုယန့်ကျိုးအနားသို့ပြေးသွားရင်း နှုတ်ဆက်စကားဆိုလိုက်သည်။

လုယန့်ကျိုးကလည်း ဒီလိုမျိုးအသိနှင့်လာပြီးဆုံမည်ဟုမျှော်လင့်မထားပေ။ သူကဖန်းချောင်ကိုကြည့်လိုက်ရင်း သူ့အနောက်မှ လင်းယောင်ကိုပါတစ်ချက်ကြည့်လိုက်သည်။
တစ်​ယောက်ကသူ့ရဲ့အချစ်တော်လေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့ရဲ့အချစ်တော်လေးဖြစ်စေချင်ခဲ့ပေမယ့် မဖြစ်သွားတဲ့ အလှပဂေးတစ်ယောက်။
ဘယ်လိုတောင် တိုက်ဆိုင်မှုကြီးလဲ။

ဘာအမူအရာမှမရှိဘဲ ခေါင်းငြိမ့်နှုတ်ဆက်လိုက်ရင်း...
" ကိုယ့်ရဲ့လက်ထောက်က နှစ်သစ်ကူးပွဲတော်အတွက် သူ့အိမ်ပြန်သွားတယ်လေ "

"အာ... ဥက္ကဋ္ဌလုကရော အိမ်မပြန်ဘူးလား "

လုယန့်ကျိုးက ဘာမှပြန်မဖြေခဲ့။

ဒါကြောင့်မလို့ လုယန့်ကျိုးလို နူးညံ့ပြီး စိတ်ကူးယဥ်ဆန်တတ်တဲ့သူက အခုတော့ ခက်ထန်ပြီးအေးစက်ပုံပေါ်နေတာကြောင့်  အရင်ပုံစံနဲ့လုံဝတူမနေတာမလို့ဒီနေ့စိတ်အခြေအနေကောင်းပုံမပေါ်ဘူးလို့ဖန်းချောင်းတွေးလိုက်သည်။

ဖန်းချောင်လည်းတိတ်တိတ်လေးနေလိုက်ပြီး ဧည့်ကြိုကောင်တာမှာအခန်းငှားလိုက်တော့သည်။

ပြီးခါနီးမှာပင် လုယန့်ကျိုးကခေါင်းငုံ့ကြည့်လိုက်ရင်း သူ့ရဲ့အခန်းကဒ်ကို ကြည့်လိုက်၏။
ဒါပေမယ့် ရုတ်တရက် သူကဖန်းချောင်ကိုကြည့်လိုက်ရင်း မေးလိုက်၏။

"မင်းတို့က တစ်ခန်းတည်းနေမလို့လား "

ဖန်းချောင်က ရှည်ရှည်ဝေးဝေးတွေးမနေဘဲ 'အင်း'ဆိုပြီး တန်းဖြေလိုက်လေသည်။

လုယန့်ကျိုးက ဘယ်လိုပဲအချစ်တော်တွေများနေနေ သူ့အချစ်တော်က အခြား​ယောက်ျားနဲ့တစ်ခန်းတည်းအိပ်မှာကိုတော့ သိပ်အဆင်မပြေဘူးလေ။

" နောက်တစ်ခန်းထပ်ယူလိုက်...အဲ့တာကို ကိုယ့်ရဲ့ ဘေလ်ထဲပဲထည့်လိုက်"
လုယန့်ကျိုးက သူ့ရဲ့ VIPအခန်းကဒ်အား ယူလို့ထွက်သွားလေပြီ။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now