ဖန်းချောင်က ဟော့ပေါ့လုပ်ဖို့အတွက် စူပါမားကတ်တွေမပိတ်ခင်မှာ အမယ်ပစ္စည်းတွေကိုဝယ်လိုက်ရင်း သူ့ရဲ့ကိတ်ဆိုင်လေးကိုသာ ခေါ်သွားဖို့စီစဥ်လိုက်သည်။ပစ္စည်းတင်ထားတဲ့အတန်းတွေကို ဖြတ်လျှောက်ရင်း လုယန့်ကျိုးကိုမေးလိုက်လေသည်။
" အရင်စားထားဖို့ အသင့်စားခေါက်ဆွဲဝယ်ဦးမလား ဥက္ကဋ္ဌလု ""မဝယ်ဘူး... အဲ့တာတွေကကြာရှည်ခံပစ္စည်းတွေသုံးထားတာ "
"ဒါဆို အဆာပြေမုန့်ရော "
"မလိုဘူး အဲ့တာတွေကလည်း အရောင်ဆိုးဆေးတွေနဲ့ "
'အဲ့တာဆိုလည်း အငတ်နေလိုက်ပါတော့'လို့ ဖန်းချောင်စိတ်ထဲမှကြိတ်ပြောလိုက်သည်။
ဆောင်းတွင်းမှာနေ့တာတိုမလို့ သူတို့စူပါမားကတ်ကထွက်လာချိန်မှာ အတော်ပင်မှောင်နေလေပြီ။
ပလက်ဖောင်းပေါ်ကနေ မိနစ်နှစ်ဆယ်ကျော်လမ်းလျှောက်နေတာတောင်မှ တက္ကစီတစ်စီးပင်မတွေ့ရ။ ကားသမားတွေအကုန်လုံးက အိမ်ပြန်ပြီးနှစ်သစ်ကူးအကြိုညစာစားပွဲကျင်းပနေကြပြီထင်သည်...တက္ကစီခေါ်သော ဖုန်းအကောင့်တွေကအစ သူတို့ရဲ့အော်ဒါကို လက်မခံကြပေ။လေအေးတွေတိုက်ခတ်နေတာကြောင့် ဖန်းချောင်နှာခေါင်းထိပ်တွေဆိုခဲလို့ပင်နေလေပြီ။ မြို့ပြက လင်းထင်းနေတဲ့ မီးရောင်တွေကိုကြည့်ရင်း ဖန်းချောင်တစ်ယောက် သီချင်းလေးညည်းလိုက်၏။
' မိသားစုရှိတဲ့ကလေးတစ်ယောက်က ရတနာလိုပဲ...'
ဟုတ်တာပေါ့... သူ့ဘေးနားကလူတော့မပါဘူးလေ။
သူ့ဘေးနားက တကယ်ကို မကောင်းတဲ့လူက သူ့ကို ရေပူစမ်းဆီပြန်ခွင့်မပေးဘဲ နွေးထွေးတဲ့နေရာကနေ ခေါ်ထုတ်လာပြီးအခုတော့ လမ်းဘေး လေတိုက်နေတဲ့နေရာမှာ ရပ်နေရတယ်လေ။
ဖန်းချောင်နှာထိပ်လေးကိုပွတ်လိုက်ပြီးအကြံပေးလိုက်သည်။
"တက္ကစီခေါ်မနေနဲ့တော့...ရထားပဲစီးရအောင် ""မစီးဘူး "
လုယန့်ကျိုးကိုယ်တိုင်လည်း ချမ်းလွန်းလို့တုန်နေပြီး သူ့ရဲ့ စျေးကြီးပေးသားမွေးကုတ်အင်္ကျီကြီးကလည်းအအေးဒဏ်က ကာကွယ်မပေးနိုင်ပေ။
ဒါပေမယ့် သူ့ရဲ့နောက်ဆုံးလက်ကျန်မာနလေးကို ထိန်းသိမ်းဖို့အတွက် သူ့လိုသူဌေးက အခြားလူတွေနဲ့ ရထားစီးစရာလား။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.