21-ယောက်ျားတွေက နှလုံးသားမရှိတဲ့လူတွေ

4.2K 683 21
                                    


အဆက်အသွယ်ကောင်းကြောင့်နဲ့ လူတွေ့စစ်ဆေးခြင်းပင်ဖြေစရာမလိုဘဲ ဖန်းချောင်က ဇာတ်ကောင်နေရာကိုရသွားခဲ့သည်။
ရိုက်ကူးရေးမစခင်အရှေ့ရက်မှာ အေးဂျင့်ဖြစ်သူက စတူဒီယိုကိုသွားပြီး ဇာတ်ကောင်အပြီးအစီးပြင်ဆင်ထားတဲ့ဓာတ်ပုံကိုရိုက်ခိုင်းဖို့သွားခိုင်းလေသည်။

ဖန်းချောင်အရင်အချိန် အဖွဲ့မှာတုန်းက အယ်လ်ဘမ်အတွက်ဓာတ်ပုံရိုက်ကူးဖို့ ဒီစတူဒီယိုကိုလာဖူးတာကြောင့် ဤနေရာနှင့်ရင်းနှီးနေပြီဖြစ်သည်။
သူရောက်တဲ့အချိန်မှာ မဂ္ဂဇင်းကာဗာအတွက်ရိုက်ကူးနေသောအဖွဲ့တစ်ဖွဲ့လည်းရှိနေပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ထိုအဖွဲ့ထဲမှာ သူ့မိတ်ဆွေဟောင်းကြီးကို မြင်လိုက်ရလေသည်။
မျက်နှာဟိုဘက်လှည့်ရင်း မမြင်ချင်ယောင်ဆောင်ပြီးထွက်သွားဖို့လုပ်ချိန်မှာ သူ့ကိုတစ်ဖက်ကမြင်သွားခဲ့လေပြီ။

"ငါ့ကိုတွေ့တာနဲ့ ဘာလို့ထွက်ပြေးနေတာလဲ"

သားရေအနက်ရောင်ဂျာကင်ကိုဝတ်ထားတဲ့ဟန်ကျားယွဲ့ ခါးထောက်ကာမေးလာသည်။
ဖန်းချောင်လည်း ပြုံးလိုက်ရင်း...
"ငါတို့နှစ်ယောက်ကြားက ဖရဲသီးတွေထပ်ထွက်လာမှာစိုးလို့လေ"

(ဖရဲသီး= ကောလဟာလ)

ထိုအကြောင်းကိုတွေးရုံနဲ့တင် ဟန်ကျားယွဲ့ နှလုံးသားအောက်ခြေမှလှိုက်ပြီးတုန်လှုပ်မိတုန်းပင်။
သူက ဖန်းချောင်ကိုချောင်တစ်ချောင်ထဲဆွဲခေါ်ပြီး ဘေးနားကလူအရိပ်အခြေကြည့်ပြီးနောက်မှာ သိချင်ဇောဖြင့် မေးလိုက်သည်။
"ငါ့ကိုတစ်ခုခုပြောပြ"

ဖန်းချောင်မှာလည်း အတင်းအဖျင်းအနံ့ကိုရတာကြောင့် ကြည့်မရတာကိုဘေးဖယ်လို့ ဟန်ကျားယွဲ့အနားကပ်လိုက်ပြီး
"ဘာကိုလဲ"

"အမ်...မင်းသူငယ်ချင်းလေ...ဟိုနတ်ဘုရားလိုတအားချောလွန်းတဲ့တစ်​ယောက်...  သူက အပေါ်လား အောက်လား"

"ဟမ်...ဘယ်ကနတ်ဘုရား..."

"အာ...လင်းယောင်လေကွာ...မင်းကိုအဲ့တာမေးချင်နေတာ သူသာအောက်ဆိုရင် ငါလက်လျော့လိုက်တော့မလို့"

ထိုလူ့ပါးစပ်ကထွက်လာတဲ့ သတင်းအချက်အလက်ကြီးကြောင့် ဖန်းချောင်လန့်လွန်းလို့သေတော့မည်။
ဒါဆို လွန်ခဲ့တဲ့ရက်က လင်းယောင်ဒိတ်နေတယ်ဆိုတာ ဟန်ကျားယွဲ့နဲ့လား!!
ရုတ်ချည်းဆိုသလိုပဲ ဖန်းချောင်သူ့အိမ်ကဂေါ်ဖီထုပ်လေးကို ခွေးလာဆွဲသလို ခံစားလိုက်ရသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Tempat cerita menjadi hidup. Temukan sekarang