15- ခင်ဗျားကိုဒီလောက် ကလေးဆန်မယ်လို့ထင်မထားဘူး

4.3K 684 9
                                    


နားနေချိန်မှာတော့ အနုပညာရှင်တွေဟာ စင်အနောက်ဘက်မှာ ခဏအနားယူရင်း မိတ်ကပ်တွေပြန်ညှိကြရသည်။
ဖုန်းကိုထုတ်ကြည့်လိုက်ချိန်မှာ လင်းယောင်ဖုန်းခေါ်ထားတာကိုတွေ့တာကြောင့် တံခါးဆောင့်ပိတ်သွားသော နှစ်သစ်ကူးနေ့မှစပြီး သူတို့အဆက်အသွယ်မလုပ်ဖြစ်တာကိုသတိရလိုက်လေသည်။

ဖန်းချောင်က ထိုကောင်လေးရဲ့ စိတ်သဘောထားကြောင့် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လျစ်လျူရှုခဲ့ပေမယ့်  လင်းယောင်ဖုန်းခေါ်ထားတာကြောင့် ပြန်ပြီးပြေလည်မှုယူရတော့မည်ဖြစ်သည်။
ဖန်းချောင်က လူသူနည်းသည့်နေရာတစ်နေရာရှာလိုက်ရင်း ဖုန်းပြန်ခေါ်လိုက်လေရာ တစ်ဖက်မှကိုင်သော လင်းယောင်အသံက ထုံးစံအတိုင်းအေးစက်စက်ဆိုပေမယ့် စကားပြောဆိုပုံကတော့ နူးညံ့နေသည်။
ဖန်းချောင်က ရိုက်ကူးရေးရှိကြောင်းသိလိုက်ပြီးတဲ့နောက်မှာ ပြီးတဲ့အခါကျ လာခေါ်ပြီး ထမင်းတူတူစားမည်ဟုပြောလာသည်။
ဖန်းချောင်းကလည်း ချက်ချင်းပင်လက်ခံလိုက်ပြီးဖုန်းချလိုက်ကာ မိတ်ကပ်ပြင်သောနေရာတွင်ပြန်ထိုင်နေလိုက်သည်။
စပ်စုလွန်းတဲ့ဟဲ့ယွမ်ကတော့ သူ့အနားလာရင်း
ဥက္ကဋ္ဌလုဆီမှဖုန်းလားဟုမေးလာသည်။

ဖန်းချောင်ဘာမှပြန်မပြောရသေးခင်မှာပဲ အေးစက်စက်နှာမှုတ်သံက သူ့ဘေးနားကခုံမှထွက်ပေါ်လာလေသည်။
ဟန်ကျားယွဲ့က သူ့ခေါင်းကို မော်ပင့်လိုက်ရင်း...
" ဥက္ကဋ္ဌလုက ယဲ့ရန်ရဲ့ရုပ်ရှင်သစ်မိတ်ဆတ်ပွဲကိုသွားတက်နေပြီး ပြီးရင် ငါ့ကိုလာကြိုမယ်လို့ပြောထားတယ် "

ဤရုပ်ရှင်ဟာ ရှင်းကျိုးဂရုက ယဲ့ရန်အတွက်အထူးစီစဥ်ထားသော ရုပ်ရှင်ဖြစ်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုက တအားများကြောင်း၊ ဒီအရာကပဲ ယဲ့ရန်က သူတို့ကုမ္ပဏီနဲ့စာချုပ်ချုပ်တာဖြစ်ကြောင်းဟူသော ကောလဟာလများကို သူကြားဖူးပြီးသားဖြစ်သည်။

.

မိတ်ဆက်ပွဲဟာနေ့လယ်ဘက်မှာပြီးသွားခဲ့ပြီးနောက်မှာတော့ လုယန့်ကျိုးဟာ ကားပါကင်ကိုတစ်ယောက်တည်းထွက်လာပြီး ထွက်သွားဖို့ပြင်လိုက်ချိန်မှာ တစ်စုံတစ်ယောက်က သူ့ရဲ့ကားတံခါးမှာလက်ကိုတင်လို့မှီနေပြီး သူလျှောက်လာတာကိုပြုံးလို့ကြည့်ရင်း သူ့ကိုစောင့်နေတာကိုတွေ့လိုက်ရသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now