နောက်တစ်နေ့ ရိုက်ကူးရေးကိုသွားတဲ့အချိန်မှာ ကားလမ်းတွေပိတ်နေတာမလို့ ဖန်းချောင်ရိုက်ကူးရေးကိုရောက်ချိန်မှာ လူအတော်ပင်စုံနေလေပြီ။
ရိုက်ကူးရေးမှလူအချို့ကိုလိုက်နှုတ်ဆက်ပြီးချိန်မှာသူသိလိုက်ရတာက လူတိုင်းကသူ့ကိုထူးဆန်းသလိုကြည့်နေကြခြင်းပင်။နားနေခန်းကိုရောက်တဲ့အချိန်မှာတော့ အခန်းတံခါးကပွင့်လျက်ရှိနေပြီး လူတစ်ချို့ကစုလို့ အတင်းအဖျင်းပြောနေကြသည်။
"ငါကြားတာကတော့ သူကဥက္ကဌလုအပေါ်ကိုဇွတ်တွယ်ကပ်ပြီး သူနဲ့အတူအိပ်ပေးဖို့တောင်းဆိုနေတာတဲ့ ကျွတ်စ် ကျွတ်စ် ကျွတ်စ်!!!"
"အမလေး...ဘယ်လိုတောင်အရှက်မရှိလုပ်ရဲတာလဲ! "
"အခုခေတ်မှာများတော့ ဖြတ်လျှောက်တစ်ယောက်က ရုပ်ရည်လေးချောနေရင် နာမည်ကြီးဖို့ဘာမဆိုလုပ်နေကြတာပဲ "
"တော်သေးတာက ဥက္ကဋ္ဌလုက သူ့ကို တွန်းထုတ်ပြီးငြင်းလိုက်တာလေ...ဒါကိုကြည့်တာနဲ့ သူက ဟန်ကျားယွဲ့အပေါ်ပဲချစ်တာ ကျိန်းသေနေတာပဲ "
"အမလေး.....ဥက္ကဋ္ဌလုကိုဒီလောက်အထိ သစ္စာရှိမယ်လို့ထင်မထားခဲ့ဘူး "
"ဒါပေမယ့် ဖန်းချောင်ပုံစံက အဲ့ဒီလိုမျိုး လုပ်ပုံမပေါ်ပါဘူး "
"ဟဲ့ ဒီအသိုင်းအဝန်းမှာက အကုန်လုံးက သူတော်ကောင်းယောင်ဆောင်ထားကြတာချည်းပဲ"
အပြင်မှာရပ်နေတဲ့ ဖန်းချောင်ကထိုစကားတွေအကုန်လုံးကိုကြားလိုက်ရပြီး ဒီလိုပုံစံမျိုးကို ရင်းနှီးနေတယ်လို့တောင်ခံစားနေရသည်။
လုယန့်ကျိုးနဲ့တွေ့လိုက်တိုင်း ဘယ်လိုဖြစ်လို့ဒီလိုကောလဟာလမျိုးတွေချည်းထွက်နေရတာလဲ။
သူ့ပုံစံက အခြားသူအိပ်ယာအပေါ်ဇွတ်တွယ်တက်ချင်နေတဲ့အချစ်တော်လေးနဲ့များတူနေလို့လား။ဒါပေမယ့် သူကတကယ်လည်းလုယန့်ကျိုးရဲ့အချစ်တော်လေးပဲလေ။
ဒါနဲ့ လုယန့်ကျိုးကိုများ ဘယ်လိုတွေထင်နေကြသလဲ။
သူ့လိုလူမျိုးက သစ္စာတရားကြီးမားတဲ့ ကြင်နာတတ်သူတဲ့လား။ ရယ်စရာတွေ...
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.