ဖန်းချောင် ဆိုဖာပေါ်မှာပဲအိပ်ပျော်သွားပြီး ညသန်းခေါင်လောက်မှာပြန်နိုးလာတဲ့အခါ ထင်ထားတဲ့အတိုင်းပင် လုယန့်ကျိုးက ထွက်သွားနှင့်လေပြီ။
သူ့ရဲ့ကိုယ်ပေါ်မှာဘယ်အချိန်ကတည်းကဂွမ်းစောင်တစ်ခုရှိနေလဲမသိသလို ထိုဂွမ်းစောင်ကမသုံးတာတောင်အတော်ကြာနေပြီဖြစ်သည်။
ဖြစ်နိုင်တာက ဒုတိယအခန်းထဲက ဗီဒိုမှလုယန့်ကျိုးရှာယူလာခြင်းဖြစ်လိမ့်မည်။
ဖန်းချောင် ကျေနပ်စွာနဲ့ပြုံးမိသွားပြီး ထိုစောင်လေးကိုကိုင်ရင်း ထပ်မံအိပ်လိုက်ပါတော့သည်။မနက်ရောက်တဲ့အခါမှာတော့ ဖန်းချောင်သော့ပြင်ဆရာကိုခေါ်ပြီး တံခါးကိုဖွင့်ရသည်။
တံခါးပွင့်ပွင့်ချင်းမှာပင် အထဲပြေးဝင်သွားပြီး မဂ္ဂဇင်းတွေကို ကုတင်အောက်ပို့လိုက်ရသည်။
ဒါပေမယ့် တွေးကြည့်မှ လုယန့်ကျိုးက သူ့အိမ်လည်းထပ်လာမှာမဟုတ်တဲ့အတွက် ဒီအတွက်လန့်နေစရာမလိုလောက်ဟုပင်။လုယန့်ကျိုးကတော့ ဒီနေ့မှာကုမ္ပဏီကိုအစောကြီးရောက်နေပြီး မနေ့ညက ကောင်းမွန်လွန်းတဲ့ချစ်တင်းနှောခြင်းကြောင့် ယဲ့ရန်ကြောင့်စိတ်မသက်မသာဖြစ်တွေကိုပင်မေ့သွားခဲ့သည်။
မနေ့ညက သူနမ်းတဲ့အချိန် သူ့ရဲ့အောက်မှာ ညည်းညူနေတဲ့ဖန်းချောင်ပုံကိုပြန်တွေးမိပြီး မပြုံးဘဲမနေနိုင်တော့ပေ။ဖန်းချောင်၏အေးဂျင့်က ရုံးခန်းထဲကိုဝင်လာချိန်မှာ သူတို့သူဌေးရဲ့ ကျေနပ်ပြုံးနဲ့ကြောင်တောင်တောင်ကြီးပြုံးနေပုံကိုမြင်လိုက်ရလေသည်။
လုယန့်ကျိုးက ချက်ချင်းမျက်နှာကိုတည်လိုက်ရင်း အေးဂျင့်အား ဘာကိစ္စလဲလို့မေးလိုက်သည်။"မနေ့ကအစီအစဥ်ထုတ်လုပ်ရေးပိုင်းက ကျွန်တော်တို့ဘက်ကိုဆက်သွယ်ပါတယ်...ဟန်ကျားယွဲ့နဲ့ဖန်းချောင်တို့ဂိမ်းဆော့ချိန်တုန်းက အပိုင်းတွေက လူထုအာရုံကိုဖမ်းစားနိုင်တာမလို့ စျေးကွက်အတွက် သေချာအပိုင်းတွေကိုပြုပြင်ထည့်မလား မထည့်မလားဆိုတဲ့အကြောင်းပါ"
အရင်တုန်းကဆို သူ့ရဲ့သူဌေးကလည်းစိတ်ဝင်စားခြင်းမရှိတာကြောင့် အေးဂျင့်က ဖန်းချောင်အလုပ်တွေဆို ကောင်းကောင်းမွန်မွန်တင်ပြခြင်းမရှိပေမယ့်
အခုတော့ ဖန်းချောင်ကိုဂရုစိုက်နေတဲ့သူဌေးပုံကိုကြည့်ခြင်းအားဖြင့် ဒီလိုကိစ္စတွေကို ကိုယ်တိုင်မဆုံးဖြတ်ရဲတော့တာကြောင့် ဘာလုပ်ရမလဲဆိုတာကိုလာမေးနေရလေပြီ။
ESTÁS LEYENDO
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
Ficción Generalmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.