50- မိဘမဲ့ဂေဟာတွင်တွေ့ဆုံခြင်း

4.6K 642 17
                                    


ဖန်းချောင်က လူအိုကြီးလုကိုတစ်ခါမြင်ဖူးပြီးသားဖြစ်သည်။ အိမ်ကနေနှင်ထုတ်ခံလိုက်ရတဲ့မြင်ကွင်းက သူ့စိတ်ထဲတွင်ရှင်းလင်းနေဆဲဖြစ်ရာ အခုနောက်တစ်ကြိမ်ပြန်တွေ့ရချိန်မှာ ထိတ်လန့်မိနေဆဲပင်။

လူအိုကြီးနောက်မှ ကောင်းမွန်စွာထိန်းသိမ်းထားပုံပေါ်သော အမျိုးသမီးက သေချာပေါက်လုကတော်ပင်ဖြစ်ရမည်။ သူမက လုယန့်ရှင်းလိုမျက်ခုံးမျိုးရှိနေပြီး စကားမပြောဘဲနေသည့်အခါ တအားကိုမှအလေးအနက်ထားပုံပေါ်လေသည်။

ဖန်းချောင်ကလည်း ကြောင်လေးကိုလက်မှာပွေ့လို့ တံခါးနားမှာရပ်နေဆဲဖြစ်ပြီး တုပ်တုပ်ပင်မလှုပ်။ လုယန့်ကျိုးက မီးဖိုချောင်ထဲကနေ ယောက်ချိုဇွန်းကိုင်ကာ ထွက်လာပြီး ဖန်းချောင်ကို သူ့အနောက်ဘက်သို့ ဆွေ့ခနဲပို့လိုက်ပြီး ကာကွယ်ဟန်အပြည့်နှင့်ကာထားလိုက်၏။

" အဖေ အမေ" လုယန့်ကျိုးက ဖန်းချောင်လက်ကိုကိုင်ထားရင်းပင် ပြောလိုက်၏။

" သူက ကျွန်တော်ချစ်သူ"

ဖန်းချောင် မှင်သက်သွားမိသည်။ ဘယ်လိုတောင် ရင်းနှီးနေတဲ့မြင်ကွင်းလဲ။ သူတို့အိမ်ပေါ်က နှင်ချခံရဦးမယ်!!

ဖန်းချောင် ကပျာကယာနှင့် ဦးညွှတ်လိုက်ရင်း အသံအကျယ်ကြီးနှင့်နှုတ်ဆက်လိုက်၏။

" မင်္ဂလာပါ ဦးလေး အန်တီ"

နှစ်ဦးသားမှာ ကြောင်အသွားပြီး သူ့ကိုအချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ ခေါင်းကိုငြိမ့်ပြလာသည်။

လုကတော်က တစ်ခုခုကိုထုတ်လိုက်ပြီး လုယန့်ကျိုးဆီပေးလိုက်ကာ စကားပြောလိုက်တဲ့အခါ သူမအသံက ညင်သာလွန်းလှသည်။

" သားကမနေ့က မွေးနေ့ကိုမလာတော့ အမေသားအတွက် သက်ရှည်ခေါက်ဆွဲလုပ်လာပေးတာ"

လုယန့်ကျိုးကလက်ခံယူလိုက်ရင်း ယဉ်ကျေးစွာနဲ့ပြန်လည်ခွန်းတုန့်ပြန်လိုက်သည်။

"ကျေးဇူးပါ အမေ"

ပေးစရာရှိတာပေးပြီးတဲ့အခါမှာတော့ လူအိုကြီးလုက ကြာကြာဆက်မနေတော့ပါဘဲ သူ့ဇနီးနှင့်အတူပြန်ဖို့ပြင်လိုက်၏။ မပြန်ခင်မှာလည်းသူက သတိပေးသွားသေးသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now