ဖန်းချောင်ကတော့ နေ့တိုင်းဇာတ်ညွှန်းကိုကြိုးကြိုးစားစားဖတ်ရင်း လုယန့်ကျိုးရောက်လာတဲ့အချိန်မှာ အကောင်းဆုံးပြသချင်နေသည်။
လုယန့်ကျိုးအရှေ့မှာတော့ သူ့ရဲ့ရူးကြောင်ကြောင်သရုပ်ဆောင်ပုံတွေကိုမပြချင်ပါ။ဒါပေမယ့် လုယန့်ကျိုးရောက်မလာခင်မှာပဲ သတင်းကြီးတစ်ခုကရောက်လာလေသည်။
#စန်းယင်းကျယ်ရဲ့ဇာတ်ကောင်နေရာကဖယ်ထုတ်ခံရမှုအတွင်းသတင်း#ဆိုသည့်အကြောင်းအရာက နေ့လယ်ခင်းမှစ၍ hot-searchပေါ်တွင်ရောက်နေလေသည်။ အင်တာနက်ပေါ်က Articlesတွေဟာ တစ်ချိန်ကအဆိုတော်ဖြစ်ခဲ့သူဖန်းချောင်ကနောက်ခံအားကိုးနဲ့ စန်းယင်းကျယ်ရဲ့ ဇာတ်ကောင်နေရာကို လုယူခဲ့သည်ဟုအပြိုင်အဆိုင်ရေးတင်ကြသည်။
ဇာတ်ကောင်ကိုဖြတ်ယူခဲ့ခြင်းကအမှန်ဖြစ်တာအပြင် မီဒီယာအချို့ကလည်း ပိုပိုသာသာသတင်းရေးကြတဲ့အခါ ဖန်းချောင်တစ်ယောက် ချက်ချင်းပင်လူထုဆီမှ အမုန်းတရားတွေ ရလေတော့သည်။
ဖန်းချောင်ရဲ့ ဝေ့ပေါ်အကောင့်ဟာ ဘာမှလုပ်မရအောင်ပင်ဖြစ်သွားပြီး မှတ်ချက်တွေမှာလည်း စန်းယင်းကျယ်၏ပရိတ်သတ်တွေဆီမှ တိုက်ခိုက်ဆဲဆိုခံရမှုများနဲ့ပြည့်နေလေသည်။
ဖန်းချောင်က ဤအရာများကိုဂရုမစိုက်သော်လည်း တုံးအသူတော့မဟုတ်ပေ။
မနှစ်မြို့စရာစကားလုံးတွေကိုမြင်ရတဲ့အခါမှာတော့ သူဟာအနေခက်သလိုဝမ်းနည်းမိသည်။အခုလိုအနေခက်ဝမ်းနည်းမှုတွေက အရင်အကြိမ်များနဲ့မတူပေ။ အရင်တုန်းကကောလဟာလတွေက လုပ်ကြံပြောဆိုခြင်းဖြစ်တာကြောင့် ဘာကိုမှမကြောက်ဘဲရင်ဆိုင်ရဲသည်။ဒီတစ်ကြိမ်မှာတော့ သူ့မှာပြန်လည်မချေပနိုင်ပေ။ သူ့မှာဝမ်းနည်းခွင့်တောင်မရှိတာက သူ့ကိုပိုပြီးဝမ်းနည်းစေလေသည်။
ဖန်းချောင် နားနေခန်းထောင့်လေးများ ကျုံ့ကျုံ့လေးထိုင်နေမိသည်။
သနားစရာကောင်းစွာ၊ အားနည်းစွာ၊ အကူအညီမဲ့စွာ။ဟန်ကျားယွဲ့ဆီမှ သတင်းကြားသော လင်းယောင်နဲ့ဖုန်းပြောတဲ့အခါမှာလင်းယောင်ကအေးစက်စွာပြောလာသည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.