ငယ်ရွယ်ပြီးပရိတ်သတ်အင်အားတောင့်တဲ့ ကြယ်ပွင့်လေးကတော့တကယ့်အံ့ဖွယ်ရာ...
တစ်နာရီလောက်နဲ့တင် ကိတ်မုန့်ဆိုင်မှာ ကိတ်လုပ်နေတဲ့ ဟန်ကျားယွဲ့ရဲ့ဓာတ်ပုံ၊ဗီဒီယိုတွေဟာ အင်တာနက်ပေါ်မှာ အတော်ကိုပျံ့နှံ့သွားလေပြီး #မုန့်ဖုတ်သမားလေးဟန်ကျားယွဲ့#ဆိုတဲ့ခေါင်းစီးနဲ့အတူ နာမည်ကြီးနေလေပြီ။တရားဝင်ပွဲအသေးစားလေးအဖြစ်မှတ်ယူပြီး ဟန်ကျားယွဲ့ပရိတ်သတ်တွေက သခင်လေးဖန်းကိတ်မုန့်ဆိုင်အား ဖောဖောသီသီကိုချီးကျူးမြှောက်ပင့်ကြပြီး သူတို့ကြယ်ပွင့်လေးကို အလေးပေးတဲ့အတွက်ကျေးဇူးတင်စကားများအား ဝေဆာနေအောက်ပြောကြသည်။
ရှင်းကျိုးမှအနုပညာရှင်များကလည်း သူတို့သူဌေးက လော်ဘီမှာထိုင်စားနေတာမြင်ခဲ့ပြီးကတည်းက ထိုကိတ်မုန့်ဆိုင်မှာဝယ်စားကြပေမယ့် ထူးခြားနေတယ်လို့မခံစားခဲ့ကြရပေ။ဒါပေမယ့် အခုတော့ဟန်ကျားယွဲ့ကိုယ်တိုင်က အဲ့ဒီမှာပွဲလုပ်တယ်ဆိုတဲ့သတင်းနဲ့ သူတို့စားခဲ့တုန်းကရိုက်ထားခဲ့ကြတဲ့ပုံလေးတွေကိုတင်ကြရင်း trendနောက်ကိုလိုက်ကြ၏။
ထိုကဲ့သို့ အခကြေးငွေမပေးရဘဲ ကြော်ငြာခံရမှုတွေက #သခင်လေးဖန်းကိတ်မုန့်ဆိုင်က ကိတ်ကိုစားပြီးပြီလား#ဟူသော အကြောင်းအရာနှင့် အင်တာနက်ပေါ်မှာ အားကောင်းကောင်းနဲ့ကိုနေရာယူသွားပြန်သည်။
ဆိုင်လေးဟာ ချက်ချင်းဆိုသလိုပဲ နာမည်ကြီးသွားခဲ့ပြီး အင်တာနက်ပေါ်မှာ ရက်အတော်ကြာ ရေပန်းစားသွားလေသည်။
ဝယ်ယူသူတွေကလည်း တန်းစီနေကြသည်မှာ ကျောင်းဂိတ်ပေါက်အထိပင်ရှည်လျားပြီး ပိတ်ရက်တွေမှာဆို လေးနာရီလောက် တန်းစီရသည်အထိပင်။ကြီးကြီးငယ်ငယ် မီဒီယာအစုံက အင်တာလာဗျူးကြတဲ့အခါမှာ ဖန်းချောင်ကနာမည်မကြီးသော်လည်း မင်းသားပင်ဖြစ်နေသေးတာမလို့ ဒီလိုနာမည်ကြီးဆိုင်ရဲ့ပိုင်ရှင်ဆိုပါက ကိစ္စတွေရှုပ်မှာစိုးတာကြောင့် တိုးတိုးတိတ်တိတ်သာနေပြီး ဆိုင်ရဲ့အင်တာဗျူးမှန်သမျှကို လင်းယောင်ကိုသာရှေ့ထွက်စေသည်။
ရလဒ်အနေနဲ့ကတော့ လင်းယောင်ရဲ့အင်တာဗျူးဗီဒီယိုဟာ ရှုတည်တည်မျက်နှာထားတင်းတင်းနဲ့မုန့်ဖုန်သမားလေးဆိုသောခေါင်းစဥ်နဲ့ တစ်ဖန်နာမည်ကြီးသွားပြန်သေးသည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.