တစ်ပတ်ကျော်ကြာတဲ့အခါမှာတော့ ဖန်းချောင်လွတ်လပ်မှုရဲ့အရသာကိုပြန်ခံစားရလေပြီ။
အိမ်တံခါးမှထွက်နိုင်တာနဲ့ အရင်ဆုံးလုပ်ရတဲ့အလုပ်က ကိတ်ဆိုင်လေးကို သွားစစ်ဆေးဖို့ပင်။အိမ်ရာအောက်ထပ်ရှိပါပါရာဇီတွေကမရှိတော့ပေမယ့် သူကတော့ဦးထုပ်တစ်လုံးကိုရှာပြီး မျက်နှာတစ်ဝက်ဖုံးလောက်တဲ့အထိ ဆွဲချပြီးဆောင်းထားရလေသည်။
ဒီလိုခိုးကြောင်ခိုးဝှက်အပြုအမူလေးတွေက ပထမဆုံးအနေနဲ့ သူ့ကိုယ်သူ ကြယ်ပွင့်လေးလို့ခံစားရစေသည်။ဖန်းချောင် ဆိုင်အနောက်ပေါက်ကနေဝင်ပြီး မီးဖိုခန်းထဲရောက်ရောက်ချင်းမှာပင် တစ်စုံတစ်ယောက်ကလည်း သူ့အနောက်သို့လိုက်လာသည်။
အနက်ရောင်နေကာမျက်မှန်၊ အနက်ရောင် ကုတ်အင်္ကျီရှည်နှင့်လူက ဖန်းချောင်နဲ့အနောက်ကနေလှမ်းဆွဲလိုက်ရာ ဖန်းချောင် အမှန်တကယ်ပင် လန့်သွားရသည်။အနက်ရောင်လူသားက သူ့ရဲ့နေကာမျက်မှန်ကိုချွတ်လိုက်တဲ့အခါမှာ နူးညံ့တဲ့မျက်နှာသေးသေးလေးကထွက်ပေါ်လာသည်။
သူ့ရဲ့ကုတ်အင်္ကျီကိုခါနေရင်း ဟန်ကျားယွဲ့ကစိတ်လှုပ်ရှားစွာမေးလာသည်။
"ဘယ်လိုလဲ...ငါကလင်းနို့လူသားနဲ့တူတယ်မဟုတ်လား"
ဖန်းချောင်က မရယ်မပြုံးမျက်နှာတည်နဲ့ပြန်ဖြေလိုက်၏။
"လင်းနို့လူသားနဲ့မတူဘူး လင်းနို့နဲ့ပဲတူတာ"ဟန်ကျားယွဲ့ မနှစ်မြို့စွာနှုတ်ခမ်းဆူလိုက်၏။
"ဘယ်လိုတောင် အလှအပခံစားနိုင်စွမ်းမရှိတာလဲ"
"မင်းကဒီကိုဘာလို့ရောက်နေတာလဲ"
"လင်းယောင်ကအတန်းပြီးရင်ဒီကိုလာမယ်ဆိုလို့ လာစောင့်နေတာ"
ဟန်ကျားယွဲ့က ပြောနေရင်းတစ်နေရာရာမှဟိတ်ကြီးဟန်ကြီးနဲ့ဝင်ထိုင်လိုက်ပုံမှာ သူကပဲဆိုင်ရှင်လိုလို။
"ဒါနဲ့ မင်းနဲ့လုယန့်ကျိုးကြားမှာဘယ်လိုတွေရှိနေတာလဲ...သတင်းကိုဖယ်ချဖို့တစ်ပတ်လောက်အချိန်ယူနေရတာလား...အခုကတော့ရှင်းပြီးပြီဆိုပေမယ့် အဲ့တာကမင်းရဲ့အနာဂတ်တိုးတက်မှုတွေမှာ အဟန့်အတားဖြစ်လာနိုင်တယ်နော်"
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.