Extra 3 ရုပ်ရှင်အတူကြည့်ခြင်း

3K 456 6
                                    

 ယဲ့ရန်၏ဇာတ်ကားက ထွက်လာပြီဖြစ်သည်။ တစ်ညနေခင်းမှာတော့ ဖန်းချောင်ရေချိုးပြီးချိန်လောက်မှာ ဒါရိုက်တာဆီမှ ဖုန်းကောလ်တစ်ခုကိုလက်ခံရရှိခဲ့ပြီး သောကြာနေ့မှာကျင်းပမည့် Premiereပွဲသို့ဖိတ်ကြားခြင်းခံလိုက်ရသည်။

ဖန်းချောင်ကတော့ အလုပ်လုပ်နေသော လုယန့်ကျိုးဆီကို အပြေးလေးမေးရင်း အကြံဉာဏ်တောင်းကြည့်လိုက်၏။ လုယန့်ကျိုးက ဖန်းချောင်စကားဆုံးသည်အထိနားထောင်ပြီးနောက်မှာတော့ အလုပ်လုပ်နေသော ကွန်ပျူတာမျက်နှာပြင်မှ အကြည့်ကိုလွှဲလာသည်။ သူ့ရဲ့နှာတံပေါ်ဝယ်ဘောင်နှင့်မျက်မှန်ကိုတပ်ဆင်ထားပြီး ထိုမျက်မှန်ကတော့ အိမ်မှာအလုပ်လုပ်တဲ့အချိန်မှာသာတပ်ဆင်ခြင်းပင်။ အစပိုင်းမှာတော့ ဖန်းချောင်ကဒီလိုပုံကိုအသားမကျပေမယ့်လည်း အကြိမ်နည်းနည်းလောက်မြင်ပြီးတဲ့အခါမှာတော့ ကြည့်လေမျက်စိပဿဒရှိလှလေဖြစ်လေသည်။ လုယန့်ကျိုးကလေ ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပနေတဲ့ အကြီးစားဗီလိန်ကြီးလိုပဲ.... တအားကိုမှဆွဲဆောင်နိုင်လွန်းလှသည်။ လုယန့်ကျိုးက လက်ချောင်းကိုကွေးပြလိုက်တဲ့အခါ နားလည်နေပြီဖြစ်တဲ့ဖန်းချောင်က ချက်ချင်းပင် လုယန့်ကျိုးပေါင်ပေါ်ပြေးထိုင်လိုက်သည်။

" မင်းလေးက သွားချင်လို့လား"

လုယန့်ကျိုးအမေးကို ဖန်းချောင်က ခေါင်းလေးခါလိုက်ရင်း
" တကယ်တော့မသွားချင်ဘူး... အနုပညာလောကကထွက်သွားပြီးမှ ဒီလိုတွေလုပ်ပြနေတယ်ဆိုပြီး ပြောကြမှာကိုကျွန်တော်ကြောက်တယ်"

သူက လုယန့်ကျိုးလက်မောင်းကိုဆွဲညှစ်လိုက်ပြီး... "ဒါပေမယ့် ကျွန်တော် ဘယ်လိုသရုပ်ဆောင်ခဲ့လဲဆိုတာ ကြည့်ချင်သေးတယ်"

လုယန့်ကျိုးကပြုံးလိုက်ရင်း " ကိုယ်တို့ဒီပိတ်ရက်မှာ သွားကြည့်ကြမယ်လေ"

ဒါက ဖန်းချောင် ကြားချင်နေသောစကားပါပင်။ ဖန်းချောင် ကျေနပ်လှစွာဖြင့် လုယန့်ကျိုးလည်တိုင်မှာ သူ့လက်များကိုချိတ်လိုက်ရင်း သခင်လေးဖန်းရဲ့ အနမ်းကို ပေးဆောင်လိုက်ပါတော့သည်။

ဤအနမ်းဟာ မီးကိုလောင်စာဖြည့်လိုက်သလိုပင်။ လုယန့်ကျိုးကသူ့မျက်မှန်ကိုဆွဲချွတ်လိုက်ပြီး ဆာလောင်နေသောဝံပုလွေအဖြစ်သို့ကူးပြောင်းသွားလေသည်။ဖန်းချောင်ကိုဆွဲမလိုက်ရင်း အလုပ်စားပွဲခုံပေါ်သို့ ပင့်တင်လိုက်ပြီးနောက်မှာတော့ အသက်ပြည့်ပြီးတဲ့လူတွေဘဝက အချစ်တိုက်ပွဲကြားမှာ ဖန်းချောင် ပင့်သက်ရှိုက်မောနေရပါတော့သည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now