Unicode
"ပြွတ်!"
"ဖယ်! လူမြင်ကွင်းမှာငါ့ကိုလာမနမ်းနဲ့ ခိမ်း"
"လူမြင်ကွင်းမှာ တက်လိုးနေတာမဟုတ်လို့အဲ့လောက်ဖြစ်ပျက်မပြနေနဲ့"
"ဖြောင်း!"
ပါးပြင်ပေါ်ကျရောက်လာတဲ့ခပ်ပြင်းပြင်းရိုက်ချက်ကြောင့် ခိမ်းရဲ့နီဖျော့ဖျော့မျက်ဆံတွေဟာ ခက်ထန်သွားတော့သည်။ဒေါသကြီးရင် ပိုမိုရဲတက်လာတဲ့မျက်ဝန်းတွေက ဒီတစ်ခါမှတော့ ခက်ထန်ရုံသာမို့ မူလအတိုင်းခပ်ရဲရဲလေးပင်။ပါးရိုက်ခံလိုက်ရပေမယ့် အကြီးအကျယ်စိတ်မတိုဘူးထင်သည်။
"တောက်!ခင်ဗျားကတော့ တကယ်သွေးတိုးစမ်းနေတာဘဲ။ဂါဓနီခိမ်းကို ဘာကောင်ထင်နေတာလည်း ဟမ်း!"
သူ့ထက်စာရင် သေးကွေးတဲ့ခန္ဓာကိုယ်လေးကိုလှုပ်ရမ်းပြစ်ကာ မေးလိုက်သည်။တစ်ဖက်လူရဲ့ခပ်မဲ့မဲ့မျက်နှာကြောင့် ခိမ်း ထိုမျက်နှာကိုစုတ်ပျက်သတ်သွားအောင်နမ်းပြစ်ချင်လာသည်။သူ ဒီလူ့နှုတ်ခမ်းတွေကိုဘယ်လောက်တောင်မြတ်နိုးလိုက်ရလည်း။ဒီလူသူ့အပိုင်ဖြစ်တဲ့နေ့ထဲက ဒီလူနှုတ်ခမ်းတွေကိုဆွဲဆွဲနမ်းရတာအမော
"ပြွတ်!"
အပေါ်အောက် အထူအပါးညီကာအသဲပုံဆန်တဲ့နှုတ်ခမ်းတွေကိုနမ်းပြစ်လိုက်သည်။အသဲပေါက်အောင် ချစ်လွန်းလို့လား။ဒါမှမဟုတ်ဒီလူရဲ့တလွဲမာနကို မုန်းလွန်းလို့လားဆိုတာတော့မပြောတတ်။ဒီလူ့မျက်နှာကြီးနီလာသည့်အထိ စချင်သည်။မခံချင်အောင်ပြောချင်သည်။
"အွန်း!ပြွတ်!မင်းကို မလုပ်နဲ့လို့ပြော!ပြွတ်"
"ရင်ခင်းခက်ဗျာ ခင်ဗျား စောက်ရမ်းနားငြီးလွန်းတယ်။ဟိုမှာလူတွေ ကြည့်နေတာမရှက်ဘူးလား"
"ဖယ်စမ်း!ငါကဘာလို့ရှက်ရမှာလည်း"
"ဟက်!မနက်ကတောင် ကျုပ်နဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီး လုပ်ထားပြီးညဘက်ကျတော တစ်ယောက်နဲ့တစ်ယောက် ဒီလိုဖြစ်နေတာလူ့ကဲ့ရဲ့စရာဖြစ်နေမှာပေါ့"
"ဟား ဟား မင်းလိုငယ်ငယ်ရွယ်ရွယ်နဲ့အချမ်းသာဆုံးသူဌေးကဒါတွေ လိုက်ဂရုစိုက်နေမယ်လို့မထင်ထားခဲ့ဘူး"