Unicode
"ဘာတွေ စားနေတာလည်း အကိုလေး"
"Jadonပို့လိုက်တဲ့ ချိုချဥ်တွေလေ"
"အကိုလေးကလည်း အဲ့ကောင်လေးနဲ့သိပ်အဆက်အသွယ်မလုပ်ပါနဲ့လို့ အကိုသတိထားပေးတယ်လေ။JDEဂိုဏ်းခေါင်းဆောင်နော် အကိုလေး နယ်နယ်ရရကမဟုတ်ဘူး"
"နင်တို့လင်မယားကလည်း သူများသားသမီးကိုဆို ပြောဖို့ဘဲ။Jadonကလူကောင်းလေးပါ နင်တို့သာအကောင်းမြင်စိတ်လေးနဲ့ကြည့်စမ်းပါ။ဟိုတစ်ခေါက်က ဆေးလဲတုန်းကလည်း သူကူညီပေးထားလို့နော်။မဟုတ်ရင် နင့်ယောကျာ်းနဲ့ငါထောင်နန်းစံရပြီး"
"ကျွန်မကတော့ အကိုလေးတို့ကို ဒီအလုပ်မလုပ်စေချင်တော့ဘူး"
"ရွေးချယ်စရာမရှိတဲ့အခါ ကံကြမ္မာကစေခိုင်းအတိုင်းလုပ်ရမှာ ငါတို့လူသားတွေဘဲလေ"
မိုးရိပ်စကားအဆုံး မိနန်းသည် ဆက်မပြောလိုတော့ပါ။အကိုလေးဖခင်တွေလက်ထက်ထဲကလုပ်လာတဲ့ဒီအလုပ်ကို ဘယ်လိုမှစွန့်လွှတ်လို့မရခဲ့ပါ။အကယ်၍အကိုလေး မိန်းမယူပြီးကလေးမွေးခဲ့ရင်တောင် အဲ့ကလေးကဒီလုပ်ငန်းတွေကိုဆက်အမွှေခံရမှာဖြစ်သည်။
မိုးရိပ် မိနန်းထွက်သွားပြီးဆိုမှ သက်ပြင်းချလိုက်သည်။စိုးရိမ်လို့ပြောမှန်းသိပေမယ့် ကြီးကောင်ကြီးမားနဲ့ကလေးဆန်လိုက်သည်။ဒီလတွေအတွင်း Jadonဆိုတဲ့ကောင်လေးအပေါ် ဖြစ်ပျက်နေတဲ့ခံစားချက်တွေကို ထုတ်မပြောချင်ပါ။
သူ့ကိုဆို သိသိသာသာအရေးပေးတဲ့Jadonကြောင့် ထင်သည် မိုးရိပ်ကလည်း ရဲတင်းစွာ ကိုယ်ထက်အများကြီးငယ်တဲ့ကောင်ဆိုးလေးကိုရင်ခုန်မိသည်။စသိတဲ့အချိန်ထဲကနေ အခုချိန်ထိဂရုစိုက်လွန်းတဲ့Jadonကြောင့် သံဃောဇဥ်တွယ်လွန်းတတ်တဲ့လူမို့Jadonကိုတစ်ခြားလူနောက်အပါမခံနိုင်ဖြစ်နေသည်။
"အကိုလေး"
"ပြန်ရောက်ပြီးလား လင်းခက်"
"ဟုတ်ကဲ့ အကိုလေး
မြို့ပေါ်ရောက်သွားတဲ့ကားက ပြဿနာနည်းနည်းလေးဖြစ်သွားလို့ အခုအဆင်ပြေသွားပါပြီး""ဘယ်သူနဲ့သွားညှိတာလဲ"
"ခွေးတွေပါ အကိုလေး
စိတ်မပူပါနဲ့"