ep37

5.4K 231 25
                                    

Unicode

"ငါတို့ မတွေ့သင့်ဘူးJadon"

"ငါပြောတာလေးကို နားထောင်ပေးပါ
ဆုံးအောင်လို့ တစ်ခါလောက်ဘဲ နားထောင်ပေးပါ"

"နင်အကြောင်းတွေ နားမထောင်ချင်ဘူးJadon
နင်လာတဲ့အကြောင်းအရင်းက ငါတို့မိသားစုအတွက်ကောင်းကျိုးတစ်ခုမှမရှိဘူး"

"ငါတို့မိသားစု တကယ်တမ်းအဲ့စကားပြောသင့်တာ ငါမဟုတ်ဘူးလား မိနန်း"

သူ့စကားကြောင့် မိနန်းမျက်နှာသည် ပျက်ယွင်းသွားသည်။မိနန်းက သိပ်ကိုပြောင်းလဲသွားသည်။အရင်လို ရိုးရိုးအေးအေးအသွင်အပြင်နဲ့မဟုတ်ဘဲ ကျော့ရှင်းကာ သူဌေးမကြီးအသွင်အပြင်နဲ့ခက်ထန်နေတော့သည်။

"ငါ့စကားကိုဆုံးအောင်နားထောင်ပါ
နင်တို့တွေ ငါနဲ့မပက်သက်ချင်တာသိပါတယ်
ဒါပေမယ့် မပက်သက်ဘဲနေလို့မရဘူး။"

"နင့်စကားက ဘာအဓိပ္ပါယ်လည်းJadon"

"အခု ငါမှာရှိတဲ့ကလေးက နင်တို့သိထားသလို ငါနဲ့ချယ်ရီစံရဲ့ကလေးမဟုတ်ဘူး။ငါနဲ့စိုင်းမိုးရိပ်ရဲ့ကလေး"

"မဖြစ်နိုင်တာ"

"မယုံနိုင်တာ သိပေမယ့် ဒါကတကယ်အမှန်တရားဘဲမိနန်း"

"နင်မိန်းမသေသွားတာနဲ့ အကို့ကိုပြန်လိုချင်လို့မဟုတ်တမ်းတွေလျှောက်ပြောနေတာမဟုတ်လား Jadon"

"ဟုတ်တယ် နင်ပြောတာမှန်တယ်
ငါ စိုင်းမိုးရိပ်ကိုပြန်လိုချင်တယ်။ငါချစ်သူအနေနဲ့မဟုတ်ဘူး။ငါချစ်တဲ့လူတစ်ယောက်အနေနဲ့မဟုတ်ဘူး။ငါ့သားဖအေတစ်ယောက်အနေနဲ့စိုင်းမိုးရိပ်ကို ပြန်လိုချင်တယ်။ငါ့သားမှာလည်း သူ့ဖအေရဲ့နွေးထွေးတဲ့မေတ္တာတွေလိုအပ်နေတယ်။အခု ငါ့သားက သူ့အမေစိတ်ကြောင့်နဲ့စိတ်ကျန်းမာရေးဆေးရုံမှာ ဝေဒနါကိုအလူးအလဲခံစားနေရတယ်။နင်လည်းသားရှိတာဘဲ။ကိုယ်ချင်းစာကြည့်စမ်းပါ"

Jadon၏စိတ်သည် ရှည်မနေပါ။အမှန်တိုင်းပြောရရင် စိတ်ကျန်းမာရေးဆေးရုံမှာနေ့တိုင်းလိုလိုသောင်းကျန်းနေတဲ့ကလေးကြောင့် သူရင်ဘက်တစ်ခုလုံးသည် တစ်စစီစုတ်ပြတ်သတ်လို့နေသည်။အခုဆို ခိမ်းပေါက်က ရိုးရိုးဆေးရုံကနေစိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတာ1လတိတိရှိသွားပြီး။

ခိမ်းWhere stories live. Discover now