Unicode
"တစ်ခုခုဖြစ်ရင် Daddyတို့ကိုပြောနော် ခိမ်းပေါက်"
"ကျွန်တော် ဘာမှမဖြစ်ပါဘူး"
နှစ်ပတ်ရှိပြီး နှစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာ နာကျင်မှုတွေဟာ ပြောမပြတတ်အောင်ပင်။အထူးသဖြင့် ခိမ်းပေါ့။ခိမ်းသည် ဆေးဖြတ်တဲ့အခါခံစားရတဲ့ဝေဒနါတွေအကုန်လုံးကိုခံစားရသည်။
ခိမ်းဟာ အမြဲလိုလို မူးဝေနေတဲ့ဝေဒနါကိုခံစားရသည်။တစ်ခါတစ်လေ အန်ချလိုက်တာလည်းရှိသည်။တစ်ခါတစ်လေ ဆေးကို ပြန်တောင်းတတာလည်းရှိသည်။တစ်ခါတစ်လေ သောင်းကျန်းနေတာမျိုးလည်းရှိသည်။အဆိုးဆုံးကတော့ သတိလစ်တာမျိုးအထိပေါ့
ခိမ်းသည် သေလောက်တဲ့ဝေဒနါကို ခံစားနေရလည်းမမူပါ။သူ့လုပ်ခဲ့တဲ့ကိစ္စကို သူခံရဲသည်။သို့သော် သူချစ်တဲ့လူသားလေးနှစ်ယောက်ကတော့ ထိုသို့မဟုတ်ပြန် အမြဲတငိုငိုဖြစ်နေကြတာမို့ ခိမ်းနှလုံးသားဟာနာကျင်ရသည်။ထိုလူတွေ ထပ်နာကျင်မှာကို ခိမ်းမလိုလားပေ။နဂိုထဲက နာကျင်မှုတွေနဲ့ရှင်သန်နေတဲ့လူသားတွေကို သူကထပ်ပြီးမနာကျင်စေချင်ခဲ့ပေ
"ကျွန်တော် ရေသွားချိုးလိုက်အုံးမယ်"
"ဟုတ်ပြီး Daddyတို့ ဒီမှာစောင့်နေမယ်"
ခိမ်း ခေါင်းညိမ့်ပြလိုက်သည်။နှစ်ယောက်သား ထိုင်စကားပြောနေပုံသည် ချစ်ချစ်ခင်ခင်ပင်။နှစ်ယောက်လုံးသည် ဂရုစိုက်ကြပါတယ်။အထူးသဖြင့် Daddyပေါ့။ခိမ်းကို ထင်ထားတာထက်ပိုပြီးသည်းသည်းလှုပ်ချစ်တာကို ခံစားရသည်။ခိမ်းတစ်ခုခုဖြစ်ပြီးဆို ပြာယာခပ်နေတတ်ပြီး မျက်ရည်တွေဝဲကာ ယူကြုံးမရတဲ့စိတ်တွေက ယခုအချိန်ထိခိုးအောင်းနေသည်။
ရင်ခင်းလည်း အတူတူပါဘဲ။ဘာဖြစ်လဲ။ အဆင်ပြေရဲ့လား။အရိပ်တကြည့်ကြည့်နဲ့ အမြဲလိုလို စိုးရိမ်မကင်းတဲ့မျက်လုံးနဲ့သာကြည့်တာမို့ ခိမ်းမှာ ဒီလူသားနှစ်ယောက်ကို ပိုသနားရသည်။ဘာတွေလုပ်ခဲ့လုပ်ခဲ့ နောင်တမရတဲ့ခိမ်းအတွက်တော့ ဒီတစ်ခေါက်ထိချက်ဟာ သိပ်ကိုအားကောင်းပါသည်။ချစ်ရသူတွေကို ဝမ်းမနည်းစေချင်။မနာကျင်စေချင်တော့ပေ။