ep35

5.2K 204 17
                                    

Zawgyi

"မင်း အကူအညီလိုတယ် "

"အဲ့တော့ ကျွန်မက ဘာပြန်ရမှာလဲ"

"မင်းမိဘကို သွားမေးလေ "

တစ်ဖက်ကသေးသေးတင်တောင်မခံတဲ့တုန့်ပြန်စကားကြောင့် ချယ်ရီစံတစ်ယောက် မျက်ခုံးတွေတင်းသွားရသည်။သူ့ပက်သက်နေမိတဲ့ကောင်ကJadonဖြစ်နေတော့လည်း ဒီလောက်ကတော့ ပမွှားအဆင့်ပေါ့

"ကျွန်မက ရှင်ဘာကြီးဖြစ်ဖြစ် စိတ်မဝင်စားဘူးနော်။ရှင်ကလေးကိုလည်း ကျွန်မက မေတ္တာအပြည့်အဝပေးမှာမဟုတ်ဘူး။ရှင်လည်းရှင်အကျိုးအတွက် ကျွန်မကိုလက်ထပ်တာ။ ကျွန်မကလည်းကျွန်မအကျိုးအတွက် ရှင့်ကိုလက်ထပ်တာ"

"မင်း အလုပ်က ငါ့သားအန္တာရယ်ကျရင် ကယ်ပေးဖို့ဘဲ။မင်းနေချင်သလို နေလို့ရတယ်"

ချယ်ရီစံသည်Jadonစကားကြောင့် သဘောကျသွားသည်။ကလေးတစ်ယောက်ကို ကာကွယ်ရသည်မှာလွယ်ကူလှပါတယ်။မိန်းကလေးဆိုပေမယ့် သူမငယ်ငယ်ထဲက လူဆိုးသမီးမို့ လူဆိုးမဘဲလုပ်ခဲ့တာ၊သူမအကျွမ်းကျင်ဆုံးကလည်း တိုက်ခိုက်ရတာဘဲ ဖြစ်သည်။

သူမကို Jadonဘာကြောင့် လက်ထပ်လက်ထပ် သူမစိတ်ဝင်စားမည်မဟုတ်။လွတ်လပ်မှုကို သဘောကျတဲ့သူမအတွက်တော့ အိမ်ထောင်ကျတာ လက်ထပ်တာ သဘောမကျပေမယ့်၊ငြင်းဆန်မရတဲ့အခါ လက်ခံပေးလိုက်ရုံဘဲရှိသည်။

"မင်းအတွက် အခန်းပြင်ပေးထားတယ်
ဒီအိမ်မှာ မင်းရယ် ငါ့သားရယ် အိမ်တော်ထိန်းရယ် အခြားအလုပ်သမားတွေအတူနေလိမ့်မယ်။အိမ်တော်ထိန်းကလွဲရင် ကျန်တဲ့အလုပ်သမားတွေကို မင်းစိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိတယ်။ဒီအိမ်မှာ မင်းက သခင်မဘဲ"

"အို Jadonကရက်ရောလိုက်တာ
ဒါဆို ရှင်က ဒီမှာမနေဘူးဆိုတဲ့သဘောပေါ့"

"အင်း"

Jadonသည် ခိမ်းပေါက်နဲ့ခွဲနေရမှာမို့ စိတ်ထဲမှာမကောင်းပေ။တစ်နှစ်ကျော်လေးကို သူဘယ်လိုကျောခိုင်းရမလဲ။သူ့သွေးသားအရင်းကိုမသိသလို နေနိုင်ပါ့မလား။လျစ်လျူနိုင်ပါ့မလား။မချစ်သလိုရော သူနေနိုင်ပါ့မလား။နေနိုင်တယ်။ခိမ်းပေါက်သာ အန္တရာယ်ကင်းနေမယ်ဆို Jadonနေနိုင်သည်။

ခိမ်းWhere stories live. Discover now