ep12

10.1K 376 14
                                    

Unicode

ခိမ်းသည် အလုပ်ကိစ္စပြီးပြတ်တာနဲ့အိမ်ကလူအတွက် ပန်းဆိုင်ကိုဝင်သည်။ပန်းဆိုင်ရောက်တော့ ပန်းအကြောင်းကို ဝန်းထမ်းတွေကရှင်းပြသည်။သူတို့ရှင်းပြတဲ့ပန်းတွေကိုခိမ်းစိတ်မဝင်စား

"ဟိုပန်းလေး"

ခိမ်း လက်ညိုထိုးပြတော့ ထိုမိန်းကလေးကအပြုံးအေးအေးလေးဖြင့်ဆိုလာသည်။ပန်းဆိုင်မှာလုပ်တဲ့လူတိုင်းက အေးချမ်းပါလား

"cosmosပန်းလေးတွေ
ချစ်သူကိုပေးဖို့အသင့်တော်ဆုံးပန်းလေးပါ
သူ့အဓိပ္ပါယ်ကတော့ "မင်းကငါ့ရဲ့universe"ဆိုပြီးဖွင့်ဆိုထားပါတယ်ရှင့်၊မိန်းကလေးတော်တော်များများရဲ့အကြိုက်ဆုံးပန်းတွေထဲမှာလည်း ဒီပန်းလေးတွေကပါပါတယ်ရှင့်"

"ယောကျာ်းလေးအတွက်"

"အာ sorryပါရှင့်"

ခိမ်းဘာမှမပြောတော့ဘဲ ပန်းကိုသာထုတ်ခိုင်းလိုက်သည်။သူ့အနေနဲ့ဒီနေရာကအတော်လေးကိုစိမ်းသက်လွန်းလှသည်။တစ်ခါမှတောင် ရောက်ဖူးတာမဟုတ်

ရင်ခင်းအတွက်နဲ့ဒီနေရာကိုပထမဆုံးလာဖူးတာဖြစ်သည်။ခင်ဗျားကတော့ ကျုပ်ဆိုးတာတွေဘဲမြင်နေရမှာပေါ့၊စိတ်ချပါ ဒီနေ့ကစပြီး ခင်ဗျားကိုခင်ဗျားထင်ထားတာထက် ပိုချစ်ပြမှာပါ

ပန်းစည်းကိုကိုင်ကာ ကားပေါ်တက်လိုက်သည်။တစ်စိုက်မတ်မတ်ဘေးပတ်ဝန်းကျင်ကိုမေ့ကာ အိမ်ကိုဘဲပြန်ရမယ်ဆိုတဲ့အသိကြောင့် ကားလေးဟာတစ်ဖြောင့်တည်းပင်၊မိနစ်အနည်းငယ်အတွင်းကိုအိမ်ရောက်သွားတော့သည်။

အပိုင်တွက်ထားတာခိမ်းဟာ ခုလိုသူ့ကိုရင်ခင်းထိုင်စောင့်နေတာမြင်ရတာ အတော်လေးကိုပီတိဖြစ်စေသည်။ခင်ဗျားတို့မသိလို့ ရင်ခင်းခက်ဗျာကအများကြီးချစ်ဖို့ကောင်းတာ

အခုသူကိုမြင်တော့ မစောင့်သလိုအူတူတူအတတလုပ်ပြနေသေးတာ၊ထိုင်စောင့်နေတဲ့လူကသူ့ကိုမြင်တော့ထပြေးချင်သလိုဖြစ်နေတာမို့ ခိမ်းအလျင်အမြန်သွားကာ သူ့လက်ကိုဆွဲထားသည်။အားပါပါနဲ့ထပ်ဆွဲတော့ ခိမ်းပေါင်ပေါ်ရောက်လာသည်။

"ဖယ်စမ်း လွှတ်!"

"ခင်ဗျားအတွက် ပန်းပါတယ်"

ခိမ်းWhere stories live. Discover now