Unicode
"ခိမ်း ငါမြန်မာကိုထပ်သွားစရာရှိတယ်"
"ရင်ခင်း ဒါအသစ်ထွက်တဲ့Kawasaki Ninja H2Rမမိုက်ဘူးလား အနက်ရောင်"
"အင်း မဆိုးဘူး
ဝယ်လိုက် ငါ့ကဒ်ထဲက သုံးလိုက်"ရင်ခင်းစကားကြောင့် ခိမ်းမျက်နှာသည် သိသိသာသာပျော်လာသည်။ဆိုင်ကယ်ဟေ့ဆိုတာနဲ့ခိမ်းနဲ့တွဲမြင်လာတဲ့အထိ ခိမ်းကဆိုင်ကယ်ကိုသဘောကျတတ်သူဖြစ်သည်။
ရင်ခင်းနဲ့လက်ထပ်ထားတဲ့အတော်အတွင်း ခိမ်းစုဆောင်းထားတဲ့ဆိုင်ကယ်အရေအတွက်သည် မရေတွက်နိုင်တဲ့အထိဖြစ်သည်။တစ်ခါတစ်လေ သူကိုဝယ်ခိုင်းတဲ့အခေါက်လည်းရှိသလို သူ့ဘာသူဝယ်တဲ့အခေါက်လည်းရှိသည်။
"ခိမ်း"
"ဗျာ"
လိုချင်တာရသွားတဲ့ခိမ်းဟာ လေသံကအစပြောင်းသွားသည်။
"ငါ မြန်မာပြည်ပြန်ရမယ်
ကိစ္စလေးရှိလို့""ဘယ်နှစ်ရက်ကြာမှာလည်း"
"7ရက်"
"အကြာကြီးဘဲ ကျုပ်မခွဲနိုင်ဘူး"
"မသွားလို့မဖြစ်ဘူး ခိမ်း"
စေတန်က ခရီးသွားဖို့နေရာရွေးထားပြီးဖြစ်ကြောင်းဖုန်းဆက်လာတာသည်။ကိုယ်တိုင်ကလည်း traineeသားတွေကိုလည်း စစ်ဆေးချင်သည်။ပြစ်ထားတာ ကြာပြီးလေ
"ကျုပ်လည်း လိုက်လို့မရဘူး
Hanrethaကပြင်သစ်ကိုသွားရမှာ
ခင်ဗျားသိတဲ့အတိုင်း နှစ်ယောက်လုံးမရှိရင်အဆင်မပြေဘူး""7ရက်ထဲကို ခိမ်းရာ
7လလည်းမဟုတ်""7ရက်မပြောနဲ့ 7စက္ကန့်တောင် ကျုပ်ကခွဲချင်တာမဟုတ်ဘူး"
ခိမ်းသည် စကားအကုန်ပြောသည်။ရင်ခင်းမကြိုက်တာ အဲ့ဒါတွေပေါ့ တစ်ဇွတ်ထိုး၊တစ်ဇောက်ကမ်း၊သူ့တ္တကိုဘဲရှေ့တန်းတင်နေတာ၊တစ်ဖက်ကအဆင်ပြေမှုမပြေမှုကို ဘယ်တော့မှကြည့်တာမဟုတ်
"ငါခွင့်တောင်းနေတာမဟုတ်ဘူး ခိမ်း
အသိပေးနေတာ""ရင်ခင်းခက်ဗျာ! ကျုပ်က ခင်ဗျားအိမ်ထောင်ဦးစီးဆိုတာမမေ့နဲ့"