Unicode
ခိမ်းဟာ ပုံမှန်အတိုင်းပင်
အလုပ်ကိုပုံမှန်တက်ပြီး တစ်ဖက်Alvis Jadonဆိုတဲ့နာမည်ကိုထိန်းထားနိုင်သည်။ကားပြိုင်မောင်းတယ်။barသွားတယ်။clubတက်တယ်။ဒါပေမယ့်ဒီအတောအတွင်း ခိမ်းပြောင်းလဲသွားသည့်အရာလေးတွေကလည်း အများကြီးရှိနေပြန်သည်။ခိမ်းဟာ အိပ်ချိန်မမှန်ဘူး။လုပ်ချင်ရာလုပ်သည်။သူ့ကိုယ်သူမချစ်ဘူး။ဆိုင်းကယ်မောင်းပြိုင်လို့မှောက်လာရင်လည်း ဆေးရုံဆေးခန်းမသွားဘဲ ဒီတိုင်းသာနေသည်။လက်ရှိအချိန်မှာ ခိမ်းဘေးနားမှာ လူတစ်ယောက်ကလွဲ မည်သူမှမရှိနေခဲ့ပါ။ငယ်ငယ်လေးထဲကအတူနေခဲ့တဲ့ အိမ်တော်ထိန်းကလွဲပြီး ခိမ်းဘေးနားမှာ မည်သူမျှမရှိ။
ခိမ်းက hanrethaကိုမောင်းထုတ်ခဲ့သည်။companyကိုလည်း ပေးမလာဘဲ။မျက်စိရှေ့ပေါ်မလာနဲ့လို့ ယတိပြတ် ပြောထားတာကြောင့် hanretha သူမျက်စိရှေ့မှာ မရှိခဲ့တာ3လကျော်4လနီးပါးရှိနေပြီးဖြစ်သည်။ခိမ်း ဆေးသုံးတာကို သိတာတောင် Jadonကို သတင်းပို့ပုံမရ၊ပြီးတော့Jadonလည်း အဲ့နေ့ကထဲက ခိမ်းမျက်စိရှေ့မှာ ပေါ်မလာတော့ပေ
တော်သေးတာပေါ့
ငယ်ငယ်ထဲက အတူရှိလာပေးတဲ့အိမ်တော်ထိန်းကြီးရှိနေလို့။အရိပ်တကြည်ကြည့်နဲ့ ဂရုစိုက်ပေးတဲ့အဘိုးကြီးတစ်ယောက် သူ့ဘဝမှာကျန်နေသေးတာဘဲ။အခွံဘဲရှိနေတဲ့သူ့ဘဝမှာ ဒီလူကြီးရှိနေသေးတယ်ဆိုတဲ့အသိကြောင့် စုတ်ပြတ်သတ်ပြီးတစ်စစီးပျက်ဆီးနေတဲ့နှလုံးသားလေးက နည်းနည်းခံနိုင်ရည်ရှိနေသေးတာ။"boss နေ့လည်စာ သွားစားဖို့လိုက်မလား"
အတွင်းရေးမှူးအသစ်ရဲ့အပြောကြောင့် ခိမ်းcomputerကနေအကြည့်ခွာပြီး ခေါင်းရမ်းပြလိုက်သည်။ဂါဓနီခိမ်း ဘဝမှာ ထမင်းထက် ပိုအဖိုးတန်တဲ့ဆေးတွေရှိသည်။အိမ်တော်ထိန်းချက်ပေးတဲ့ထမင်းဟင်းကလွဲပြီး ကျန်တာတွေကိုသူခံတွင်းမတွေ့ပေ။ဒီရက်ပိုင်း အိမ်မပြန်ဖြစ်တာ ရက်အတော်ကြာပြီးမို့ ခိမ်းထမင်းမစားဘဲ တစ်ခြားဟာတွေစားနေမိတာ ကြာပြီး။အားအင်တော့ ပြတ်လပ်နေတာမျိုးရှိမနေပါ။သူပိုက်ဆံရှိနေသ၍ ဆေးသုံးနိုင်သ၍ ဘာမှဖြစ်လာမည်မဟုတ်