ep29

6.6K 245 7
                                    

Unicode

ခိမ်းသည် သူ့ကတိအတိုင်းသူ့အဖေနဲ့တွေ့ရအောင်လုပ်ပေးသည်။ရင်ခင်း အခု တစ်ယောက်ထဲရောက်လာတာဖြစ်​ပြီးခိမ်းကတော့ မလိုက်ပေ

"Daddyက ခင်ဗျားကိုမသတ်ဘူးဆိုတာ ကျုပ်သိတယ်။ဒါကြောင့် ခင်ဗျားတစ်ယောက်ထဲသွား။အပြန်ကျ ကျုပ်ကိုဖုန်းဆက်လိုက်"

"ငါ မင်းအဖေကိုသတ်လိုက်မယ်ဆိုရင်ရော မင်းလာကြိုမှာလား"

"Alvis Jadonအနေနဲ့ပြောမယ်ဆို Jadonကိုသတ်ဖို့လွယ်မနေဘူး။ဂါဓနီခိမ်းအနေနဲ့ပြောမယ်ဆို ခင်ဗျားဘာလုပ်လုပ် ကျုပ်ခင်ဗျားနားကထွက်မသွားဘူး"

ခိမ်းသည် စကားကိုတိုတိုတုတ်တုတ်နဲ့သဘာဝကျအောင်ပြောတတ်သည်။မှန်ပါတယ် Jadonကိုသတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စလေးမှမဟုတ်တာ၊Jadonလိုလူက ရန်သူသားလာတာကိုအလွယ်တကူ ထိုင်စောင့်နေမယ့်လူမျိုးမဟုတ်။သူအနေနဲ့ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားအုံးမှာဘဲ။အဲ့လိုဘဲ သူ့ကိုသတ်ပြီးရင်ခင်းကလည်း အသက်ရှင်လျက်ပြန်ထွက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်

Jadonအခြေချထားတဲ့အိမ်ဟာ တော်တော်လေးကိုခမ်းနားသည်။အင်းပေါ့ JDEဂိုဏ်းက အပြောသက်သက်တည်ရှိနေတာမှမဟုတ်တာ အိမ်အလယ်ကြီးမှာရှိတဲ့တိုင်လုံးတွေသည် လင်းထင်းမနေဘဲ မှော်ဝင်ဆန်စွာ နက်ဆွေးနေသည်။လမ်းပြတဲ့နိုင်ငံခြားသားသည် spainလူမျိုးဖြစ်ပုံရပြီး ရုပ်ရည်တည်လှသည်။အခန်းတွေသည် မြောက်မြားစွာ။

ရင်ခင်းဝင်လာသည်မှာ အခန်းပေါင်းမြောက်မြားစွာကို ဖြတ်ကျော်လာပြီးပြီဖြစ်သော်လည်း အခုချိန်ထိ Jadonအခန်းကိုမတွေ့ရသေး။ဘယ်နားမှာနေတာပါ့လိမ်

"ဒီအခန်းကို တန်းတန်းသွားပြီးဘယ်ကိုချိုးလိုက်ရင် Jadonအခန်းကိုရောက်ပါလိမ့်မယ် သူစောင့်နေတယ်"

စပိန်စကားမဟုတ်ဘဲ အင်္ဂလိပ်စကားကိုသာ သုံးသွားတာမို့ အထူးတလည်မှာထားတာဖြစ်လိမ့်မယ်။Jadonက ခိမ်းပြောသလို အကုန်လုံး ကြိုတင်ပြင်ဆင်ထားတာဖြစ်လိမ့်မည်။ရင်ခင်း သူပြောတဲ့အတိုင်းသာ တည့်တည့်လျှောက်ရင်း ဘယ်ဘက်အခန်းကိုချိုးလိုက်သည်။

ခိမ်းWhere stories live. Discover now