ep22

7.7K 303 25
                                    

Unicode

ရင်ခင်းတို့အခု ရောက်နေတဲ့နေရာသည်UAEနိုင်ငံရဲ့ Dubaiမြို့ဖြစ်သည်။အရင်ထဲက လာချင်နေတဲ့ခိမ်းကတော့သိပ်စနစ်ကျစွာ hotelတွေလည်း တစ်ခါထဲချိတ်ပြီး နေမယ့်ရက်တွေမှာ ဘယ်သွားမယ်၊ဘာလုပ်မယ်ကအဆုံး သူ့အစီအစဥ်နဲ့သူပင်။ခိမ်းက အလုပ်လုပ်တဲ့နေရာမှာတော့ သူမတူအောင်စနစ်ကျသည် ဒါကြောင့်လည်း သူ့အလုပ်တွေအောင်မြင်နေတာဖြစ်မည်။

"ပင်ပန်းနေရင် ခနနားလေ
ဒီကအစားအစာတွေခင်ဗျားမစားနိုင်ဘူးမလား။ကျုပ် စာဖိုမှူးခေါ်ခဲ့တယ် ခင်ဗျားစားချင်တာ ချက်ခိုင်းလို့ရတယ်"

"အင်း"

"ဒီနေ့တော့ နားလိုက်ပါ
နောက်နေ့မှနေရာစုံလိုက်ပြမယ်"

"မင်း ဒီကိုခနခနရောက်ဖူးပုံဘဲ"

"ဟွန်း ဒီhotelကိုကျုပ်ပိုင်တာလေ
ပြီးတော့ ဒီမှာ ဝယ်ထားတဲ့အိမ်တွေရှိတယ်
hotelခေါ်လာတယ်ဆိုတာက လိုချင်တာချက်ချင်းရလို့ ပြီးတော့ ကျုပ်hotelကviewလှလို့"

ရင်ခင်းသည် မျက်ခုံးတစ်ဖက်မြင့်တက်သွားသည်။ခိမ်းက ဒီလောက်ချမ်းသာတာဘဲလား။မေ့နေတာဘဲ မမေ့သင့်တဲ့ကိစ္စကို

"သူဌေးဘဲ"

"ခင်ဗျားလောက်တော့ ဘယ်ချမ်းသာမလည်း "

ခိမ်းအပြောကြောင့်ရင်ခင်းက ရယ်သည်။ခိမ်းသည်ရင်ခင်းရဲ့အလှမှာ တွေဝေငေးမောနေမိသည်။ရင်ခင်းက သိပ်ကိုလှသည်။ကြွကြွရွရွနဲ့ ကဗျာဆန်ဆန်လှနေတာမဟုတ် အရုပ်ကလေးတစ်ရုပ်လို့ လှတာမဟုတ်။နုနုဖက်ဖက်လေးလည်းမဟုတ် ဒါပေမယ့် ရင်ခင်းကလှသည်။

မိန်းမဆန်ဆန်ချောမောလှခြင်းတွေ ရင်ခင်းမှာရှိသည်။ရင်ခင်းမှာ သူများနဲ့မတူတဲ့ မျက်လုံးလှလှလေးတွေရှိသည်။နှာတံက သူ့လိုချွန်နေတာမဟုတ် သေးသေးချွန်ချွန်​​လေးနဲ့သူ့မျက်နှာလေးနဲ့လိုက်ဖက်သည်။နှုတ်ခမ်းက ထူထူလုံးလုံးလေးဖြစ်ပြီး မျက်ခုံးကယောကျာ်းဆန်ပြီစူးရှသည်။ရင်ခင်းအသားအရည်က ဖြူတာထက် နုလှသည်။ဒါပေမယ့် ကြမ်းသည်။ရင်ခင်းက သူဌေးသားလေးတစ်ယောက်လိုကျော့ရှင်းလှပသည်ဟုဆိုရမည်။

ခိမ်းWhere stories live. Discover now