Unicode
"viewလှတယ်မလား"
"မင်းက ဒီလိုဖန်တီးထားတဲ့အလှအပတွေကိုကြိုက်တာလား"
မနက်စာကို အပြင်ဝရံတာမှာထွက်စားရင် ခိမ်းကစကားစပေးတော့ ရင်ခင်းက အမေးပြန်ထုတ်လိုက်သည်။ရင်ခင်းပြောသည်မှာအောက်ကမြင်နေရတဲ့ တိုက်တွေနဲ့ရှူခင်းအလှတွေကို
"မပြောတတ်ဘူး ကျုပ်ကလှတိုင်းလည်းမကြိုက်ဘူး။ကျုပ်စိတ်က ဒါကိုကြိုက်ရင်ကြိုက်လိုက်တယ်။မကြိုက်ရင် မကြိုက်ဘူး"
ရိုးရှင်းစွာ ထွက်လာတဲ့စကားတွေသည် သာမန်ဆန်ပါတယ်။သူ့ပုံစံအတိုင်း ကွယ်ဝှက်ခြင်းမရှိဘဲ ဒဲ့တိုးဆန်ဆန်ပြောလာသည်။ဟုတ်ပါတယ် ခိမ်းဟာခိမ်းပါဘဲ
"ငါကတော့ ဒီလိုလူတွေဖန်တီးတဲ့အလှတရားထက် သဘာဝအတိုင်းတည်ရှိနေတဲ့အလှတရားကိုပိုသဘောကျသည်။"
"လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့
အကြိုက်တွေလည်း ဘယ်တူပါ့မလည်း
နောက်တစ်ခါကျ Switzerlandကိုသွားကြတာပေါ့""နောက်တစ်ခါလား"
ရင်ခင်းမေးတော့ သူကခေါင်းငြိမ့်ပြသည်။ဒီနေ့တော့ နှစ်ယောက်လုံးကန္တာရထဲအရင်သွားကြဖို့ တိုင်ပင်ပြီးသားပင်။ဒီကဝတ်စုံကိုတောင် သူကစီစဥ်ထားသည်။ရင်ခင်းကတော့ မကြိုက်ပါ ခြောက်ကပ်ကပ်နဲ့၊ခိမ်းကိုသာ အလိုလိုက်ပြီးလိုက်ခဲ့ပေးတာ ကိုယ်တိုင်တော့အကြိုက်ကြီးထဲမှာမပါ။ပြီးတော့ ခိမ်းအကြိုက်တွေကလည်း သိပ်ကိုထူးဆန်းသည်။
"သွားတော့မှာလား"
"ဒီကိုလာ!"
စားသောက်ပြီးတဲ့ပန်ကန်တွေကိုဖယ်လိုက်တော့ သူတို့နှစ်ယောက်ကစားပွဲပေါ်မှာ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။အဲ့ဒါကို ခိမ်းကသူ့ပေါင်ကိုလက်ပုတ်ကာ ခေါ်တာကြောင့် ရင်ခင်းမျက်မှောင်ကျု့လိုက်သည်။ဒီကောင် ဉာဏ်များပြန်ပြီး ဒါပေမယ့်လည်း ရင်ခင်းမငြင်းပါ ထပြီး သူ့ပေါင်ပေါ်မှာသွားတက်ထိုင်လိုက်သည်။
"ဒီနေ့သွားတာ ဖျက်လိုက်ရအောင်လား"
"မင်းပြောတော့ အကုန်စီစဥ်ပြီးသားဆို"