ep24

8K 269 15
                                    

Unicode

"ဒီနေ့တော့ တကယ်သွားရအောင် ခိမ်းရာ"

"ချစ်တယ်"

"တစ်နေရာတော့ ရအောင်သွားရအောင်ကွာ"

"ခင်ဗျားကလည်း လောလိုက်တာ"

ရင်ခင်း ဒေါသသည် ထောင်းခနဲ့။ဒီကောင်ကို တော်တော်လေးဒေသထွက်ရသည်။မသိရင် ကိုယ်ကဘဲ ခရီးထွက်ချင်လို့ လိုက်လာတဲ့ပုံစံမျိုးနဲ့။

"ဂါဓနီခိမ်း ငါစိတ်မရှည်ဘူးနော်
မင်းလျှောက်မလည်ဘူးဆိုလည်း ပြန်မယ်"

"ခင်ဗျားကို အကြိုက်ဆုံးအချက်ကဘာလည်းသိလား"

"မသိချင်ဘူး"

"စိတ်မရှည်ဘဲ ပြန်စွာတတ်တာ
သူများတွေအတွက် အမြင်ကပ်စရာကောင်းလောက်ပေမယ့် ကျုပ်အတွက်တော့ တော်တော်ချစ်ဖို့ကောင်းတာ။နှုတ်ခမ်းသေးသေးလေးစူပြီး ဒေါသထွက်ပြတာက တော်တော်အသည်းယားဖို့ကောင်းတယ်"

"ဂါဓနီခိမ်း!!!!"

"ကြည့်ကြည့် မျက်နှာတစ်ခုလုံးနီရဲလာတာ နှာခေါင်းလုံးလုံးလေးပွတတ်လာတာရော၊မျက်ခုံးတန်းလေးတွေထိကပ်လာတာရော၊သမင်မျက်လုံးလေးက သပုန်းထနေတော့ ကြည်တောင့်မနေဘဲ စူးရှနေတာရော၊နှုတ်ခမ်းလေးမဲ့လိုက်တာရော ရွတ်!ရင်ခင်းခက်ဗျာက သိပ်ချစ်ဖို့ကောင်းတယ်ဗျာ ရွတ်!"

ပါးပြင်ကို တရွတ်ရွတ်နမ်းတော့ ရင်ခင်းသည် ရှက်စိတ်ရော ဒေါသစိတ်ပါပေါင်းကာ ပို၍ဒေါသထွက်လာရသည်။ဒီကောင် သူ့ကိုလှောင်နေတာမလား။လက်ကရိုက်ဖို့ ပြင်တော့ ရင်ခင်းခါးသည် ဆွဲဖက်ခြင်းခံလိုက်ရသည်။လျင်မြန်လွန်းတာကြောင့် ရင်ခင်းမှာ ကြောင်အအရယ်

"လွှတ်နော် လွှတ်!"

"ခင်ဗျားဗျာ လင်မယားတွေဘဲကို ဒါလေးလုပ်တာ စိမ်းကားလိုက်တာ"

"ငါ့ကိုမလွှတ်ဘူးလား!"

အေးအေးစက်စက်အသံကြောင့် ခိမ်းလွှတ်ပေးလိုက်ရသည်။သူ့လူကြီးလေး တော်တော်ဒေါသထွက်နေပြီးလေ။ရင်ခွင်ထဲကကိုယ်လေးက တဆတ်ဆတ်တုန်နေပြီးအတင်းရုန်းကန်နေလေသည်။ပြန်တွေးကြည့်မယ်ဆို ဟုတ်တော့ဟုတ်ပါတယ်။Dubaiရောက်သည်မှာ1ပတ်ကျော်ပြီးဖြစ်သော်လည်းအခုချိန်ထိဘယ်မှလျှောက်မလည်ရသေးပေ။

ခိမ်းWhere stories live. Discover now