ep42

4.9K 240 35
                                    

Zawgyi

"boss!"

hanrethaရဲ့ကျယ်လောင်လွန်းတဲ့အသံကြောင့် ခိမ်းမျက်နှာသည် မဲ့သွားသည်။ဒီကောင် တကယ်အရှက်မရှိတာဘဲ။

"အခန်းထဲဘဲ သွားမယ်"

"ဟာ bossရာ ဟိုမှာအလှအပလေးတွေကို bossကိုငမ်းနေတာ နှမြောစရာကြီးကိုဗျာ"

"အရက်သောက်ဖို့လာတာ မရှည်နဲ့"

"အပြင်မှာလည်း သောက်လို့ရတာကို
စိတ်ပါရင် သောက်ပြီး ကလို့တောင်ရသေးတယ်။အရင်တုန်းက နာမည်လေးလုံးနဲ့ ဂါဓနီခိမ်းကြီးပြန်လုပ်စမ်းပါ။ဘယ်လောက်မိုက်လိုက်လဲ"

hanrethaသည် bossစိတ်ပျော်အောင် ပေါက်ကရစကားတွေရေပက်မဝင်အောင်ပြောနေပေမယ့်ကျောက်တုံးကြီးလို တည်ငြိမ်နေတဲ့bossကြောင့် အရူးသာသာဖြစ်နေသည်။ဒီအသည်းကွဲနေတဲ့bossကိုဘာလုပ်ပေးရင်ကောင်းမလည်းလို့သာ ဆက်တိုက်တွေးနေမိသည်။အတူတူကဲနေကျ အလုပ်ရှင်က ငြိမ်နေတော့ မနေတတ်ပေ။

"bossအကြိုက်တွေ ကျွန်တော်ပြင်ထားတယ်"

hanrethaသည် bossအရက်သောက်ဖို့လာမှန်းသိတာကြောင့် အမျိုးအစားစုံလင်တဲ့အပြင် bossကြိုက်တဲ့ယမကာတွေကို အသင့်ပြင်ပေးထားသည်။bossသည် ဘာမှမပြောဘဲ ဆိုဖာမှာထိုင်ကာ ခန္ဓာကိုယ်ကိုလျော့ချကာ မျက်လုံးတွေမှိတ်ပြီး မှိန်းနေသည်။bossပုံစံသည် တွေ့ဖူးသမျှထဲမှာ ရင်နာစရာကောင်းလှသည်။

ငယ်ငယ်လေးထဲက အတူနေလာတဲ့ခိမ်းနဲ့hanrethaတို့၏သံဃောဇဥ်က အလုပ်သမားနဲ့အလုပ်ရှင်ဆိုတာထက် ပိုသလို ညီအစ်ကိုတွေလိုပင်။hanrethaအနေနဲ့ခိမ်းနားမှာနေခဲ့တာ ဆယ်စုနှစ်ကျော်ဆိုပေမယ့် ဒီလောက်ထိငြိမ်ပြီးစိတ်ဓာတ်ကျနေတာမျိုးမမြင်ခဲ့ဖူးပေ။အချစ်က အရာရာဘဲဆိုတာ ဒါမျိုးပြောတာထင်သည်။အချစ်က လူတစ်ယောက်ကို ပြောင်းလဲစေသည်။

"ဆေးသွားယူပေး hanretha"

"ဗျာ"

မှိန်းနေတဲ့မျက်လုံးတွေ ဖွင့်ပြီး ကြည့်လိုက်တော့hanrethaကလည်း ပြန်လည်းစိုက်ကြည့်နေသည်။ခိမ်းပြောတဲ့စကားကို hanrethaရှင်းရှင်းလင်းလင်းကို ကြားရပါသည်။သူတို့ယူထားတဲ့အခန်းမှာ သီချင်းသံမှမဖွင့်ထားတာ

ခိမ်းWhere stories live. Discover now