ep25

7.4K 254 5
                                    

Unicode

"ခိမ်း မင်းမိဘတွေအကြောင်းပြောပြမယ်ဆို"

"ခင်ဗျား အရမ်းစပ်စုလွန်းတယ်မထင်ဘူးလား"

"မထင်ပါဘူး မင်းဘဲ ပြောပြမယ်ပြောထားတာလေ"

"ပြန်ရောက်မှလို့ ပြောတာလေ"

"အခုပြောလည်း ရတာဘဲကို.."

"ဟုတ်ပြီး မေမေအကြောင်းအရင်ပြောပြမယ်"

"ရတယ်"

ရင်ခင်းသည် စိတ်ဝင်စားစွာ ခိမ်းရှေ့ထိုင်သည်။ခိမ်းသည် တစ်ချက်ပြုံးလိုက်သည်။စိတ်ထဲမှာတော့ သူ့လူကြီးဟာ တော်တော်စပ်စုတာဘဲဟု မှတ်ချက်ချထားလိုက်သည်

"မေမေက မြန်မာလူမျိုးလေ
တစ်ဦးတည်းသော သူဌေးသမီးလေး။မြန်မာအမျိုးသမီးဆိုပေမယ့် ရိုးရိုးယဥ်ယဥ်လေးမဟုတ်ဘူး။မေမေက ခေတ်ဆန်တယ်။သွက်လက်တယ်။Daddyနဲ့ကလည်း ချစ်လို့ယူခဲ့ကြတာမဟုတ်ဘူး။မိဘတွေအတင်းပေးစားလို့တဲ့။အဲ့ဒါကြောင့်နှစ်ယောက်လုံးကချစ်ကြတာမဟုတ်ဘူး။မချစ်ဘဲရလာတဲ့ကျုပ်ကိုလည်း နှစ်ယောက်လုံးက မချစ်ဘူး"

ခိမ်းစကားအဆုံးမှာ ရင်ခင်းကတွေဝေသွားသည်။သူ့မျက်နှာတစ်ခုလုံး အဓိပ္ပါယ်ဖော်ဖို့ခက်ခဲစွာ ဘာကိုဆိုလိုချင်နေမှန်း အသည်းအသန်စဥ်းစားနေတော့သည်။

"ဒါပေမယ့် မိခင်စိတ်တော့ရှိတယ်ပြောရမယ်။နေမကောင်းဖြစ်တဲ့အခါ ဘေးမှာရှိနေပေးပြီးသေခါနီးအချိန်မှာလည်း ကျုပ်အသက်ကိုကယ်ပေးသွားတာ။Daddyကတော့ ခန္ဓာကိုယ်ထဲမှာ သူ့သွေးတွေစီးဆင်းနေရုံကလွဲပြီး ဘာပက်သက်မှုမှာမရှိဘူး။သူ့ကလည်း သားလို့မသတ်မှတ်သလို ကျုပ်ကလည်း ဖအေလို့မသတ်မှတ်ထားဘူး။ဘယ်လောက်ထိလည်းဆိုရင် အခုလုပ်နေတဲ့စီးပွားရေးတွေက သူအမွေတွေ မပါဘူး။မေမေရဲ့အမွေနဲ့ကျုပ်ကြိုးစားထားသမျှတွေချည်းဘဲ"

".........."

"နွေးထွေးမှုနဲ့ချစ်ခြင်းမေတ္တာမရှိတဲ့ အေးစက်စက်ဘဝမှာ နေခဲ့ရတာမို့ မချစ်ပြတတ်ဘူး။ကျုပ်သာ ဒီမိဘတွေနဲ့မတွေ့ခဲ့ရင် ဒီထက်ပိုပြီး ချစ်ပြတတ်မယ်ထင်ပါတယ်"

"မင်းအတွက်တော့ စိတ်မကောင်းပါဘူးခိမ်း"

"အာ ထားပါတော့
ဒီနေ့ဘယ်ကိုသွားရမလဲ
အိပ်ယာပေါ်ဘဲ......."

ခိမ်းWhere stories live. Discover now