Unicode
"ငါတို့ ထပ်မတွေ့ရအောင်Jadon"
"မဟုတ်သေးဘူး honey
ပြဿနာတစ်ခုကို အလွယ်လေးဆုံးဖြတ်ချက်ချလို့မရဘူး""ငါ အလွယ်လေးဆုံးဖြတ်တယ်လို့ မင်းထင်နေတာလား။ဒီဆုံးရှုံးမှုက မင်းအတွက်လက်အောက်ငယ်သားတစ်ယောက်သဘောဆိုပေမယ့် ငါ့အတွက်တော့ ညီတစ်ယောက်၊သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသလိုဘဲ။ပြီးတော့ မွေးမလာခင်ထဲက ဖခင်မဲ့သွားတဲ့ကလေးအတွက် အဲ့ကလေးအတွက်တာဝန်ယူမှုကငါ့မှာ အပြည့်ရှိတယ်"
"မှန်ပါတယ် မိနန်းကလေးအတွက် တာဝန်ယူရမယ်ဆိုတာ ကျုပ်သိပါတယ်။ဒါပေမယ့် ဒါကhoneyနဲ့လမ်းခွဲစရာကိစ္စရပ်မဟုတ်ဘူးလေ။ကလေးကို ကျုပ်တို့သုံးယောက်အတူစောင့်ရှောက်ကြလို့ရတယ်"
"ငါမင်းကိုမယုံဘူး Jadon
ရန်သူဝိုင်းနေတဲ့မင်းဘဝထဲကို ကလေးကိုဆွဲမသွင်းချင်ဘူး။ပြီးတော့ ငါ့ကိုလည်း လမ်းခွဲပေးပါ။ကလေးဖအေနေရာမှာ ငါဘဲရှိနေရမယ်။ကလေးရဲ့ဖအေအရင်းက ငါဘဲဖြစ်ရမယ်။သူ့ဖအေက လူသတ်သမားတွေလက်ထဲမှာ သေသွားတယ်ဆိုတာမျိုးမဖြစ်စေရဘူး""အမှန်တရားက တစ်နေ့ပေါ်လာမှာဘဲ honey"
"အမှန်တရား ပေါ်လာတဲ့နေ့ကျ ငါ့သားကို ဒူးထောက်ပြီးတောင်းပန်မယ်။မပေါ်လာတဲ့နေ့အထိတော့ ဒီကလေးဖအေအရင်းက ငါဘဲ"
"ကျုပ် သဘောမတူဘူး
ကျုပ်လမ်းမခွဲပေးနိုင်ဘူးhoney""မင်းဆီမှာ နေရမှာကြောက်နေတဲ့လူကိုအတင်းမဆွဲထားပါနဲ့Jadon၊ငါ ငါလည်း စိတ်ကုန်နေပြီး"
လူတွေပြောတဲ့ ရင်ဘက်ထဲက နာကျင်မှုဆိုတာ ဒါကိုပြောတာလား။ဓားနဲ့ထိုးမိတဲ့ဒဏ်ရာထပ်ပိုနာပြီးသေနတ်နဲ့ပစ်လိုက်တာမှခံသာအုံးမယ်ဆိုတဲ့ နာကျင်မှုမျိုး။သူနှလုံးသားတစ်ခုလုံး သွေးယိုစိမ့်နေပြီးထင်ပါရဲ့ နာလိုက်တာ
"ဘယ်လက်လွှတ်ခံနိုင်ပါ့မလည်း ခင်ဗျားရယ်
သိပ်ချစ်တာလေဗျာ""ငါကတော့.."
"မပြောပါနဲ့ ကျုပ်တောင်းပန်ပါတယ်၊
မကာကွယ်နိုင်ခဲ့လို့ ကလေးတစ်ယောက်အတွက်ဖခင်မဲ့သွားတာသိပေမယ့် အတ္တကြီးစွာနဲ့ဘဲ honeyဆုံးဖြတ်ချက်လေးကို ပြင်ပေးလို့မရဘူးလားဟင်"