Unicode
"အကိုလေး သက်သာရဲ့လား
ခေါင်းတွေရော ကိုက်နေသေးလား""ငါ သက်သာပါတယ်
Jadonဆီခေါင်းတွေရောရော ဘာအဆက်အသွယ်ရသေးလဲ""အကိုကတော့ ဘာအဆက်အသွယ်မှမရဘူးလို့ပြောတယ်"
"အင်း အဲ့ဒါဆို သွားနားတော့
နင်ကိုနင်လည်း ဂရုစိုက်အုံး"မိုးရိပ်ပြောလိုက်တော့ မိနန်းကသူ့ဗိုက်လေးကိုကြည့်ကာ ပြုံးပျော်သွားသည်။ငယ်ငယ်လေးထဲက ကိုယ့်အိမ်မှာအလုပ်လုပ်ခဲ့တဲ့ကောင်မလေးက အခုဆိုသူ့ဘဝနဲ့သူ၊သူမိသားစုလေးသူပျော်နေရှာတော့ မိုးရိပ်မှာတစ်မျိုးတစ်ဖုံဝမ်းသာရသည်။လင်းခက်ဆိုတာလည်း သူငယ်ငယ်လေးထဲကနေ ဘေးမှာရှိပေးနေတဲ့လူဖြစ်ပြီး မိုးရိပ်အတွက်နှစ်ယောက်လုံးက ညီလေး ညီမလေးကဲ့သို့ပင် သံဃောဇဥ်ရှိလှသည်။
မိုးရိပ်လို ငယ်ငယ်ထဲက မေတ္တာငတ်နေတဲ့လူတစ်ယောက်အတွက် သူတို့နှစ်ယောက်က မိသားစုဝင်တွေပင်။ဘယ်လိုရွေးချယ်မှုတွေလာလာ မိုးရိပ် သူတို့နှစ်ယောက်ကိုရွေးချယ်နိုင်သည့်အထိ သံဃောဇဥ်ကြီးသည် ။အခုတော့ မိုးရိပ်ဘဝမှာထပ်တိုးပြီး သံဃောဇဥ်တွယ်စရာလူတစ်ဦးတိုးလာပြီးသေချာပေါက် Jadonဆိုတဲ အမေရိကန်သားပေါ့။
"honey!!!"
"ဟင် Jadon..."
"ပြွတ်!ကိုယ်ပူချိန် နည်းနည်းတက်နေတာဘဲ
ရေချိုးတာ ကြာသွားတာလား""အင်း မနေ့ကရေချိုးတာ နည်းနည်းကြာသွားတာ၊အခု ဆေးသောက်ထားလို့အဆင်ပြေသွားပြီး။မင်း ရောက်လာတော့ ပိုသက်သာသွားပြီး ဟီး"
Jadonသည် အရှေ့ကလူသားလေးကိုအသည်းတယားယားဖြင့်သာကြည့်နေမိတော့သည်။သူ့လူကြီးလေးက ဟန်မဆောင်တတ်ဘဲ အမှန်တိုင်းပြောတတ်သည်။သူလွမ်းရင်လည်း လွမ်းကြောင်းကို ဒဲ့တိုးပြောတတ်ပြီး စိတ်ကောက်နေရင် စိတ်ကောက်နေကြောင်း ပေါ်ပေါ်ထင်ထင်ကိုပြောတတ်သည်
"အရမ်းစိတ်ပူသွားတာ"
"စိတ်မပူပါနဲ့ ငါကလေးမဟုတ်ပါဘူး"
"စိတ်ပူရတာပေါ့ ဒီလူသားလေးတစ်ယောက်ထဲရှိတာကို မပူဘဲနေမလား"