ep40

5.9K 253 48
                                    

Unicode

"ခိမ်း"

"အင်း"

"ပြောစရာရှိလို့"

"ချက်ချင်းကြီးလား။မနက်ကမှ ပြန်ရောက်တာ အနားယူပါအုံးလား"

"အင်း ပြင်ဆင်ပြီးသွားပြီမို့"

ခိမ်းသည် ခေါင်တစ်ချက်ညိမ့်ပြလိုက်သည်။အချိန်အားဖြင့် ညနေ့4နာရီမို့ အနည်းငယ်တော့ပူသေးသည်။Spainက ပြန်လာထဲက အလုပ်ကိစ္စနဲ့ခုမှအိမ်ကိုပြန်ရောက်တာမို့ အဝတ်အစားလဲရသည်။ရင်ခင်းက ပြောစရာရှိတယ်ဆိုတော့လည်း လဲမနေတော့ဘဲ တင်းကြပ်နေတဲ့နက်စ်ကတိုင်ကို အနည်းသာဖြေလျော့ထားလိုက်သည်။

"အဝတ်အစားမလဲတော့ဘူးလား"

"ရတယ် ပြီးမှလဲလိုက်မယ်"

ခိမ်းသည် အပေါ်ကcoatကိုတော့ချွတ်ပြီး အောက်ခံကိုတော့မချွတ်ဘဲ ဒီတိုင်းထိုင်သည်။နာရီလည်းမချွတ်ရသေးပေ။ဖရိုဖရဲဆန်ပေမယ့် ခိမ်းရဲ့ရုပ်ရည်ကပျက်ယွင်းသွားခြင်းမရှိဘဲ လူငယ်ဆန်ဆန်နဲ့ပိုလို့တောင် ဆွဲဆောင်မှုရှိသည်။

"နှင်းဆီပန်းအနီ"

"အဓိပ္ပါယ်ကို သိလား"

"သိတာပေါ့ နှင်းဆီနီတွေရဲ့အဓိပ္ပါယ်က..."

"သိရင် ရပြီး"

ခိမ်းရဲ့တက်ကြွနေတဲ့အသွင်အပြင်ကို ရင်ခင်းတားလိုက်သည်။သူထင်နေသလို အခြေအနေမျိုးမှမဟုတ်တာ။နှင်းဆီပန်းပေးတယ်ဆိုတာ သူ့ရဲ့စိတ်နေစိတ်ထားကို အရင်ဖော်ပြတာဖြစ်ပြီး တကယ်ပေးရမှာက တစ်ခုရှိသည်။အဲ့ဒါကို​မြင်ရင်ရော အခုလိုပြုံးနိုင်ပါ့မလား။

"Spainမှာတုန်းက ကတိပေးခဲ့သလိုဘဲ ငါဆုံးဖြတ်ချက်ကို လက်ခံပေးပါ ခိမ်း"

ခိမ်းသည် ရင်ခင်းလက်ထဲက အရာလေးကြောင့်မပြုံးနိုင်တော့ပါ။စာရွက်နှစ်ရွက်ရဲ့ လုပ်နိုင်စွမ်းဟာ တစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေ ပြောင်းပြန်လှန်သွားသလိုပင်။ရင်ခင်းခက်ဗျာက ထင်ထားသလိုဘဲ ကွာရှင်းစာချုပ်တန်းပြင်တော့တာဘဲ

"ကျုပ်လက်မှတ်မထိုးပေးနိုင်ဘူး
ကွာချင်ရင် ခင်ဗျားတစ်ယောက်ထဲကွာ!"

ခိမ်းWhere stories live. Discover now