ep19

9K 336 12
                                    

Unicode

ဒီနေ့မှ ရင်ခင်းမြန်မာပြည်ကိုပြန်လာရသည်။မနေ့က အိပ်ရာထဲကမထနိုင်ပေ၊အိပ်ရာကနိုးလာတော့လည်း အချိန်ကအတော်လေး နောက်ကျနေပြီးဖြစ်သည်။လေယာဥ်ချိန်လည်းမမှီတော့

ခိမ်းဆိုတဲ့လူဆိုးကောင်ကတော့ သူ့ထက် 3နာရီလောက်နောက်ကျမှ အိပ်ရာကနိုးသည်။အိပ်ရာကနိုးလာတော့လည်း ခံရတဲ့လူကိုမှ အားမနာ ပင်ပန်းလို့ဆိုပြီးဦးအောင် ချွဲနွဲ့သေးသည်။

"မလာတော့ဘူးတောင်ထင်နေတာ"

"ကဲ စေတန်
မင်းအထုတ်ပြင်ပြီး goတော့"

"ငါစိတ်ချလို့ဖြစ်ပါတယ်နော်"

"Lawက စိတ်ရှည်တတ်ပါတယ်ကွာ"

"ဟွန်း!ငါ သတင်းတွေရပြီးသားပါ
ခိမ်းဆိုတဲ့ ကောင်လေးကြောင့် ရဲစခန်းတစ်ခုလုံးကို ဇောက်ထိုးလုပ်လိုက်တာရော၊သူ့ကိုထိပါးရိပါးပြောလို့ ပျောက်ခြင်းမလှပျောက်သွားပြီး အလောင်းပျောက်သွားတာတွေရော"

"မင်း စည်းကျော်နေပြီး စေတန်"

"အားနည်းချက်
ခိမ်းက မင်းအာနည်းချက်ဖြစ်မလာစေနဲ့"

"ဘယ်တော့မှ ဖြစ်မလာစေရဘူး စေတန်"

"ငါ မင်းကိုယုံတယ်
ဒါပေမယ့် လွှတ်မထားပေးဘူး Law
ဦးလေးကလည်း သူ့လိုမင်းကိုအဖြစ်ခံမှာမဟုတ်သလို ငါတို့ကလည်းအဖြစ်မခံနိုင်ဘူး"

ရင်ခင်း စေတန်ကိုပြုံးပြလိုက်သည်။ငယ်ငယ်လေးထဲက အနားမှာရှိလာတဲ့လူတွေသည် ကြီးလာတဲ့အထိရှိနေပေးသည်။သက်တူရွယ်တူတွေမို့ ညီအစ်ကိုတွေလိုနေပေမယ့် စေတန်တို့ကမကြိုက်၊သူတို့အကန့်နဲ့သူတို့နေသည်။

ငယ်ငယ်လေးထဲကခပ်တည်တည်နဲ့စောက်ရှောက်လာတဲ့လူတွေသည် ကြီးလာတော့လည်းအလွှတ်မပေး၊အရိပ်တကြည့်ကြည့်ဖြင့်သာ၊အိမ်ထောင်ကျသွားလို့ဆိုပြီး သူတို့မလွှတ်ပေးထားမှန်း ရင်ခင်းသိသည်။ရင်ခင်းသတင်းတွေသူတို့အကုန်သိတယ်။ဘာလုပ်နေလည်း ဘာစားနေလည်းဆိုတာကအစသိကြသည်။

သူတို့စိုးရိမ်နေတာကိုလည်း ရင်ခင်းနားလည်သည်။ရင်ခင်းကတော့ အဆင်ပြေကြောင်းသာပြောထာသည်။ဟုတ်သည်လေ ရင်ခင်း ခိမ်းကိုချစ်နေတဲ့လူမဟုတ်၊ချစ်မိအောင်လည်းနေမှာမဟုတ်၊ခိမ်းက သူချစ်လို့မရတဲ့တစ်ဦးတည်းသောလူမို့

ခိမ်းWhere stories live. Discover now