ep26

6.9K 258 18
                                    

Unicode

"ခိမ်း ပြန်ရတော့မယ်မလား"

"ခင်ဗျား ဘယ်သွားချင်သေးလဲ"

"ငါသွားခဲ့တာတွေ တစ်နိုင်ငံလုံးနှံ့နေပြီးကို မသွားချင်တော့ပါဘူး"

"အခန်းရှေ့မှာ ရေကူးကြမလား"

"............"

ရင်ခင်း စဥ်းစားလိုက်သည်။တစ်ရက်နှစ်ရက်လောက်နားပြီးရင် ပြန်ရမှာဆိုတော့ နည်းနည်းလေးအပန်းဖြေတာကောင်းပါတယ်။ခိမ်းက နိုင်ငံအနှံ့လိုက်ပို့ပေးထားတာကြောင့် အလှအပတွေကိုတစ်ဝကြီးခံစားပြီးပြီဖြစ်သည်။လူသိများတဲ့နေရာတွေဘဲမဟုတ်ဘဲ လူသိနည်းပြီး သူ့ကြိုက်တဲ့နေရာလှလှတွေကိုလိုက်ပို့ပေးတာကြောင့် အနည်းငယ်တော့ ပင်ပန်းသည်။ဟောဟောဒိုင်းဒိုင်းသမားပီပီ ခိမ်းကလိုက်ပို့ပြီးဆိုရင်လည်း နေရာတွေကိုဆက်တိုက်လိုက်ပို့ပေးသည်။

"လာ ရင်ခင်း"

"အင်း ငါလာပြီး"

တည်းတဲ့အခန်းမှာက ရေကူးကန်ပါပါတာမို့ ခိမ်းကရောက်နှင့်နေပြီး သူ့ကိုခေါ်သည်။အဲ့ကောင် အရှက်မရှိ အတွင်းခံတောင်မဝတ်ထားဘူး။

"ခိမ်း မင်းအရှက်မရှိဘူးလား တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"

"ရင်ခင်းခက်ဗျာက သိပ်တုံးတာဘဲ
ကျုပ်တိုက်ကြီးကတိုက်တွေရဲ့အမြင့်ဆုံးကို ဘယ်သူကမြင်မှာမို့လည်း ခင်ဗျားဘဲမြင်မှာ လာစမ်းပါ"

"ဖြည်းဖြည်းသက်သာလုပ်ကွ ရေမွှန်းသွားမယ်"

"ရင်ခင်းခက်ဗျာ ကလေးသရဲများဝင်ပူးနေတာလား"

ရင်ခင်းသည် သိသိသာသာအစခံနေရတာမို့ တော်တော်လေးကိုဒေါသထွက်လို့နေသည်။စိတ်ရှိတိုင်းသာဆို အိမ်မှာကျန်နေခဲ့တဲ့ပန်းအိုးတွေနဲ့ခိမ်းခေါင်းကိုရိုက်ခွဲချင်သည်။အရိုးနဲ့အသားကွဲသွားတဲ့အထိ

"ဟားဟား"

ခိမ်းသည် သူ့ထိန်းချုပ်နေမှန်းသိစွာ လှောင်ရယ်နေသည်။အခုလို သူ့ဆံပင်တွေ ရေစိုနေတဲ့အချိန် ဆံပင်တွေကိုလှန်တင်ကာ ရယ်နေပုံသည် ရင်ခင်းအားတွေဝေစေသည်။

ခိမ်းWhere stories live. Discover now