Unicode
ညကနှစ်ယောက်လုံး မနက်6နာရီလောက်မှအိပ်ပျော်သွားကြသည်။အခုအချိန်ကမနက်11နာရီ ရင်ခင်းက နေမြင့်အောင်မအိပ်တတ်တာမို့ နိုးနေတာကြာပြီး အိပ်တော့အိပ်လိုက်ပေမယ့် 9နာရီလောက်ထဲကနိုးနေတာဖြစ်သည်။
ခိမ်းကတော့ ခုချိန်ထိမနိုးသေးပါ။အိပ်ရာပေါ်မှာစောင်နဲ့လုံးထွေးကာ အိပ်နေတဲ့ခိမ်းဟာဟောက်သံတွေပါထွက်လို့နေသည်။အလုပ်ပိတ်ရက်မဟုတ်သော်လည်း မနက်ထဲကသူ့အတွင်းရေးမှူးကိုဖုန်းလှမ်းဆက်ထားသည်။ဒီကောင် မထနိုင်တာ ရင်ခင်းသိသည်။
ဒီကောင်အကျင့်တွေကကလေးဆန်လွန်းပါတယ် တစ်ခါတစ်လေကျတော့လည်းလူကြီးဆန်သည်။ အလုပ်လုပ်တဲ့အချိန်ဆိုတိကျတာကတော့ တစ်ခုတည်းသော ကောင်းတဲ့အချက်လေးပေါ့
"မေမေ!"
ခပ်တိုးတိုးအသံကြောင့် ရင်ခင်းကြည့်မိတော့ ခိမ်းထံမှ လုံးထွေးနေတဲ့စောင်ကိုဖယ်ကာ ယောင်နေတဲ့မျက်နှာကိုကြည့်မိတော့ အိမ်မက်ဆိုးမက်နေသည့်ထင် ချွေးစလေးတွေအနည်းငယ်ထွက်ကာတုန်ရီနေသည်။မျက်ခုံးတွေကိုကျုံ့ထားတဲ့ခိမ်းဟာ ပါးစပ်မှလည်း မေမေဟုတတွတ်တွတ်ရွှတ်နေသေးသည်။
ဒီကောင် မအေမရှိတော့ဘူးမဟုတ်လား။ဘယ်လိုအကြောင်းတွေကြောင့် သူ့အိမ်မက်ထဲပါလာရတာလည်း
"မသွား မသွားပါနဲ့"
"အင်း ကိုကိုရှိတယ် အိပ်အိပ်"
ရင်ခင်းသည် နူးညံ့တဲ့လေသံနဲ့လွှတ်ခနဲ့ထွက်ခဲ့ပြီးမှ မျက်နှာတွေပူတက်လာရသည်။တော်သေးတယ် ခိမ်းကအိမ်မက်ထဲကနိုးထမလာသေးလို့ ထူးဆန်းစွာခိမ်းဟာ ငြိမ်ကျသွားသည်။ရင်ခင်းလည်း တစ်ယောက်ထဲရှက်လှတာမို့ ဒီကောင်အတွက်နိုးလာရင် စားဖို့သွားစီစဥ်လိုက်သည်။
"နေပါအုံး သူကဘာကိစ္စနဲ့ဒီလူဆိုးကောင်ကို ကိုကို လို့သုံးမိတာလည်း၊အားး ရှက်လိုက်တာ"
~~~~
သွေးချင်းချင်းရဲနေတဲ့အမျိုးသမီးအား ကလေးငယ်လေးတစ်ယောက်ကဖက်တွယ်ကာ ငိုယိုနေသည်။ကလေးငယ်ရဲ့လက်မှာလည်း ထိုအမျိုးသမီးရဲ့ဝမ်းဗိုက်မှထွက်လာတဲ့သွေးတွေဟာ နီရဲနေသည်။