ep45

4.1K 267 32
                                    

Unicode

"ဆေးဖြတ်ကြမယ်"

"ဟင့်အင်း"

ချက်ခြင်း ငြင်းလာတဲ့ကလေးကြောင့် Jadonသည် သက်ပြင်းမောကိုသာ ခပ်ကြမ်းကြမ်းချမိတော့သည်။သူ ဘယ်လိုနားချရမလဲ။ကိုယ့်သားအကြောင်း ကိုယ်သိသည်။လောကကြီးကိုအရှုံးပေးထားတဲ့ကလေးက သူဆုံးဖြတ်ပြီးရင် ဘာနေနေမပြင်တော့ဘူးဆိုတာ သိသည်။

"မင်း မိဘအရင်းအကြောင်းမသိချင်ဘူးလား"

"မိဘအရင်း???"

"နောက်တစ်ယောက် အကြောင်း"

"သေသွားပြီးမလား"

ခိမ်းပေါက်အမေးကြောင့် Jadon မော့ကြည့်မိသည်။ခိမ်းပေါက်အပြုအမူတွေကို Jadonမခန့်မှန်းတတ်ပါ။သူ့သားတစ်ခုခုဖြစ်နေတာသိပေမယ့် ဘာဖြစ်ချင်နေမှန်းမသိ

"အင်း!"

"အဲ့ဒါဆို ပြောစရာ မလိုတော့ဘူးပေါ့
မသိချင်ဘူး"

"မဟုတ်ဘူး မင်းကိုသိကိုသိရမယ့်အကြောင်းတွေရှိတယ်"

"ဒီတိုင်းဘဲနေလိုက်တာမကောင်းဘူးလား Daddy..."

Daddyဆိုတဲ့နေရာမှာ ဖိခေါ်လိုက်တာမို ခိမ်းပေါက်က တကယ်သိချင်စိတ်ရှိမနေမှန်းသိသာသည်။ခိမ်းပေါက် တစ်ခုခုဖြစ်နေပြီး တစ်ခုခုကိုဖုံးကွယ်ထားနေပြီး

"ဒီတိုင်းကြီး နေနေလို့မရဘူး ခိမ်းပေါက်
မင်းဘဝမှာ ဆက်လျှောက်ရမယ့်လမ်းတွေအများကြီးရှိသေးတယ်။အခုလို နေနေတာက အဓိပ္ပါယ်မဲ့လွန်းတယ်"

"ဟက်!!!အဲ့လို​ဖြစ်အောင် လုပ်ခဲ့တာ ဘယ်သူလဲ"

"Dad Daddyက...... "

Jadonသည် ခေါင်းကိုငုံချလိုက်သည်။သူ့ရင်သွေးလေးကို သူဘာလုပ်ပေးရမလည်းမသိတော့။JDEဂိုဏ်းရဲ့ကိစ္စအဝဝကိုခေါင်းအေးအေးနဲ့ ဦးဆောင်ဆုံးဖြတ်ခဲ့ပေမယ့် သူ့ရင်သွေးလေးအတွက်တော့ သူ့ဟာ အခုချိန်ထိဘာမှမလုပ်ပေးနိုင်သေး။ဒါက အခုမှမဟုတ် ဟိုးငယ်ငယ်လေးထဲကဖြစ်သည်။

"ပြောချင်သပဆိုလည်း ပြောပေါ့
JDEဂိုဏ်းရဲ့အဘိုးကြီးက မျက်ရည်တွေနဲ့မလိုက်ဘူး"

ခိမ်းပေါက်ရဲ့စကားကြောင့် Jadonမျက်ရည်ကျနေရင်းပြုံးမိသည်။ဒီကလေး ခေါင်းမာပေမယ့် ခက်ထန်နေပေမယ့် ကိုယ့်ကိုချစ်မှန်းသိရတော့ Jadonနှလုံးသားလေးက နွေးထွေးလာရသည်။သူတို့သားဖတွေက ချစ်ခွင့်သာမရခဲ့တာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသည်။

ခိမ်းWhere stories live. Discover now