ep21

7.7K 329 14
                                    

Unicode

ခိမ်းသည် လေယာဥ်ကွင်းမှာ မငြိမ်သက်၊အပိုလုပ်ပြီး ပြောတာမဟုတ် မတွေ့ရတဲ့7ရက်အတွင်း ရင်ခင်းခက်ဗျာကိုသိပ်လွမ်းသည်။ခိမ်းသိသည် ဒါပေမယ့် ခိမ်းမထိန်းချုပ်ပါ သူ့အချစ်တွေကိုတစ်ဖက်လူမြင်အောင်ပြချင်သည်။ရင်ခင်းဘယ်လိုလိုမြင်မြင် သူ့အတွက်အတွေးမရှိ၊

ရင်ခင်းပြန်ချစ်ဖို့မလို
အဲ့လိုပြောလို့ ရင်ခင်းချစ်တာမခံချင်ဘူးဆိုလားဆိုတော့မဟုတ်။အကယ်၍များ ရင်ခင်းကမချစ်နိုင်ဘူးဆိုပါစို့ သူ့ဘက်ကကန့်ကွက်စရာမရှိ။စတင်ထဲက ရယူခြင်းနဲ့စတင်ခဲ့တာမို့လို့ ရယူခြင်းနဲ့ဘဲ အဆုံးသတ်မှာ

ရင်ခင်းသူ့ကိုဘာကြောင့်ဘဲလက်ခံလက်ခံ ခိမ်းဂရုမစိုက်။မကောင်းတဲ့ဒုစရိုက်တွေအကုန်လုပ်တဲ့ရင်ခင်းဟာ သူ့သောက်တဲ့ခွက်ထဲမှာ ဆေးထည့်ထားတာမသိစရာအကြောင်းမရှိ၊ဆေးခတ်ပြီးယူထားတယ်ဆိုပေမယ့် ရင်ခင်းဘက်ကအရင်ထဲက အလိုတူအလိုပါဆိုတာခိမ်း ရပ်မိပြီးသား။အကြောင်းအရာတစ်ခုခုကြောင့် ချည်းကပ်လာတယ်ဆိုပေမယ့်အိမ်ထောင်သက်1နှစ်ကျော်တဲ့အထိ ရင်ခင်းဟာပုံမှန်အတိုင်း

ခိမ်းဟာ ရှင်းသည်။သူ့ဆွဲတဲ့ပုံအတိုင်း လိုက်ကပေးယုံဘဲ။ဘာအကြောင်းနဲ့ချည်းကပ်ချည်းကပ် ခိမ်းဟာဂရုစိုက်နေမှာမဟုတ်၊ဒီကမ္ဘာမှာ သူ့ဂရုစိုက်စရာတစ်ယောက်မှမရှိဘူးလေ။သူ့အတ္တနဲ့သူ့ရယူခြင်းကသာ အရေးအကြီးဆုံးဖြစ်သည်။

"မတွေ့ရတာ ကြာပြီးနော်
လူဆိုးကောင်"

အနောက်ကအသံကြောင့် ခိမ်းသည် အလျင်အမြန်လှည့်ကာရင်ခင်းကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။သတိမမူတဲ့ရင်ခင်းဟာ ကြောင်တောင်တောင်ဖြင့်ခိမ်းရင်ခွင်ကျယ်ကြီးထဲမှာ နစ်မြှုပ်နေသည်။

"လွမ်းနေတာ"

ခိမ်းအပြောကို ရင်ခင်းမတုန့်ပြန်၊အဖက်ခံထားရတာ အသက်ရှူပင်ကျပ်လာသည်။ခိမ်း ကျောပြင်ကိုလက်ဖြင့်အသာရိုက်ကာ လွှတ်ပေးဖို့သာပြောလိုက်သည်။ဒါတောင် အတော်ကြာမှလွှတ်ပေးသည်

"ရင်ခင်း"

"အင်း"

"နောက်တစ်ခါကျရင် ကျုပ်ကိုခေါ်သွားပေးပါ"

ခိမ်းWhere stories live. Discover now