Unicode
"သခင်လေး"
"ဘာလဲ!"
ယဥ်ကျေးလွန်းသူပင်။ ကြွေရုပ်လေးလို့လှရက်လွန်းသူသည် အမှန်ပင်အရိုင်းတုံးလေးဖြစ်သည်။
"ခိမ်းက သခင်လေးကို သူ့အခန်းထဲလာဖို့ပြောလိုက်ပါတယ်"
"နေပါအုံး။အဲ့ကောင် ခြေထောက်တွေက ကျိုးနေလို့လား။ကျုပ်ကတော့ ပြောစရာစကားမရှိဘဲမလာနိုင်ဘူး။လာချင်ရင် သူ့ကိုသာဒီကိုကြွလာခိုင်းလိုက်"
မျက်မှောင်ကျုံ့ကာ ပြောဆိုတော့ သူမတို့အနေနဲ့ကြောက်လားမေးရင်ကြောက်ပါတယ်။ဒီစကားအတွက်တော့ စိမ်းမနေပါ။ခိမ်းအမျိုးသားက နှုတ်ကြမ်း အာကြမ်းရှိတာ တစ်ခြံလုံးအသိမို့
"ဟုတ်ကဲ့"
ဒီအိမ်မှာ အလုပ်လုပ်ရတာ ငရဲပြည်မှာ အလုပ်လုပ်ရသလိုပင်။အိမ်ကြီးရှင်နှစ်ယောက်ရှိတာ နှစ်ယောက်လုံးက တစ်ယောက်ကဟိုဟာဆိုနောက်တစ်ယောက်ကဒီဟာ။ကြားထဲက သူမတို့ဘဝသည် သိပ်ကိုသနားစရာကောင်းလှပါသည်။
"သခင်လေးက မလာနိုင်ပါဘူးတဲ့
ပြောစရာရှိရင် သူ့ကိုလာပြောပါတဲ့""တောက်!အဲ့လူက အဲ့လိုဘဲ ပြောလိုက်တယ်ပေါ့။ဟုတ်လား"
"ဟုတ်ကဲ့"
"သွား ပြန်ပြော
ခေါ်တုန်း အေးဆေးလာလိုက်လို့ ငါလာရင်မလွယ်ဘူးလို့ ပြောလိုက်""ဟုတ်ကဲ့ ခိမ်း"
တွေ့လား။တစ်အိမ်ထဲမှာ မာနတွေပြိုင်နေတာ။ရုပ်လေးတွေက ချောသလောက် လှသလောက် ဘယ်လောက် ကတ်သီးကတ်သတ်နိုင်လည်းဆိုရင် အဲ့ဒါဘဲကြည့်တော့။ခပ်သွက်သွက်ပင်သွားကာ အိုးအခန်းလေးရှေ့ တံခါးခေါက်လိုက်သည်။
"ဝင်ခဲ့"
"ခိမ်းက သူလာရင်မလွယ်ဘူးလို့ ပြောလိုက်ပါတယ်။သခင်လေးကို အေးဆေးခေါ်တုန်းလာဖို့ပါ ပြောလိုက်ပါတယ်"
"အဲ့တော့ ငါကကြောက်ရမှာလား။ဒီကောင်
စောက်ချိုးကိုမပြေဘူး။ရင်ခင်းခက်ဗျာကို ဒီလိုစောက်ချိုးမျိုးလာချိုးလို့မရဘူးကွ။ပြောရင်းတောင် ဒေါသထွက်လာပြီး။ခလွှမ်း!!"