Unicode
"ဒီညပွဲတက် လိုက်ခဲ့ပေး"
Rolexနာရီတစ်လုံးကိုပတ်ရင်း ခိမ်းက အေးအေးဆေးဆေးပြောသည်။နှစ်ယောက်ရဲ့ဆက်ဆံရေးသည်နေမကောင်းဖြစ်သည့်အချိန်ကစလို့ အရင်ကထက် အများကြီးပိုမိုကောင်းမွန်လှသည်။
"မလိုက်ချင်ဘူး"
"Okလေ"
ခိမ်းက ခပ်မြန်မြန်လက်ခံတော့ရင်ခင်းကြောင်အနေမိတာအမှန်၊ခိမ်းဆိုတဲ့ကောင်က သူ့စကားဆို လွယ်လွယ်လွယ်ကူကူလက်ခံတတ်တဲ့ကောင်မှမဟုတ်တာ အမြဲတစ်ဇွတ်ထိုးလုပ်ချင်ရာလုပ်တတ်တဲ့ကောင်မျိုးလေ
"ခိမ်း!"
"ဗျာ"
"ကျစ် ရွံ့စရာကောင်းအောင်မထူးနဲ့"
"ခင်ဗျားဘဲ ပစ်ကြွေနေတာမဟုတ်ဘူးလား"
ခိမ်းစကားကြောင့် ရင်ခင်းမျက်နှာတစ်ခုလုံးပူထူသွားသည်။ဒါကိုပင် တဟားဟားရယ်နေတဲ့လူကြောင့် ရင်ခင်းမျက်နှာပိုမိုရဲတက်လာသည်။ဒီကောင် သူ့ကိုလှောင်ပြန်ပြီး
"ဂါဓနီခိမ်း!!"
"အွန့်!ပြွတ်!"
ခါးတစ်ခုလုံးဆွဲဖက်ကာ ခိမ်းက နှုတ်ခမ်းတစ်ခုလုံးကိုနမ်းရှိုက်လာသည်။တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကို ခိမ်းကို အညှာအတာမဲ့စွာသွားနဲ့ကိုက်ဖောက်တော့ ရင်ခင်းပါးစပ်တစ်ခုလုံးဟပေးလိုက်ရပြန်သည်။လျှာချင်းကိုရစ်ပတ်ကာ စုတ်ယူတော့ ရင်ခင်းသည် အလိုက်သင့်တုန့်ပြန်မိသည်။အဲ့တော့မှ စိတ်ကျေနပ်သယောင် မျက်နှာတစ်ခုလုံးပြုံးလာသည်။
"ပြွတ်!"
"မင်း အင်္ကျီတွေကြေကုန်ပြီး"
"နမ်းချင်သေးတယ်
ခင်ဗျား ခွေခေါက်သွားတဲ့အထိ နမ်းပြစ်ချင်တယ်""သွားစမ်းကွာ"
"ညနေ့ ပွဲတက်လိုက်ခဲ့စမ်းပါ"
"ငါ အဲ့ဒါတွေစိတ်မပါဘူး ခိမ်း"
ခိမ်းသည် ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့အင်္ကျီကိုလက်ဖြင့် ဆွဲချကာ ထွက်သွားသည်။ရင်ခင်းကတော့ သူနမ်းသွားတဲ့အတိုင်းဖရိုဖရဲဖြစ်သာကျန်ခဲ့သည်။