ep36

5K 204 17
                                    

Unicode

"ဟို ကလေးရော"

"အိပ်နေပါတယ် မမလေး"

"ဟုတ်ပြီး အဲ့ဒါဆိုလည်း ကလေးအတွက်စားဖို့တစ်ခုခုပြင်ပြီး သွားပေါ့။ညနေ့စာဖို့ပါ တစ်ခါထဲပြင်ပေးထားနော်။ဟင်းချက်ရတာ ဝါသနာမပါဘူး"

"ဟုတ်ကဲ့ မမလေး"

"ရှင်လည်း ပြန်မယ်ဆို ဂရုစိုက်ပြီးပြန်"

"ဟုတ်ကဲ့ မမလေး"

ချယ်ရီစံ အိမ်တော်ထိန်းကို မှာစရာရှိတာမှာပြီးအိမ်ပေါ်တက်လာလိုက်သည်။အိမ်တော်ထိန်းက သူနေတဲ့မြို့ကိုပြန်ချင်တယ် ခွင့်တောင်းတော့ သူမအနေနဲ့မပိတ်ပင်ချင်ပါ။ခွင့်ပြုလိုက်သည်။ခိမ်းကို စောင့်ရှောက်ဖို့ဆိုတာ သူနဲ့တင်လုံလောက်နေပြီးဘဲကို

"ဘယ်သူမှလည်း မရှိတော့ဘူး"

အိမ်စေတွေအကုန်လုံးက သူအိမ်သူပြန်ကြတာမို့ အိမ်မှာ သူမနဲ့ခိမ်းနှစ်ယောက်ထဲသာရှိတော့သည်။ဟိုကလေးကို သွားနိုးပြီး ထမင်းကျွေးရမယ်။အဲ့ကလေးက အရပ်လေးဘဲရှည်တာ ခန္ဓာကိုယ်weightကျ သိပ်မများဘူး

"ခိမ်း ခိမ်း ထ ထတော့"

"မေမေ"

"အင်း"

အိပ်ယာထဲကနေ မေမေလှမ်းခေါ်တဲ့ကလေးကြောင့်သူမထူးလိုက်သည်။ဂရုမစိုက်ပေမယ့် ခိမ်းကိုသံဃောဇဥ်တော့ရှိလှပါတယ်။ကိုယ့်ကိုဆို မေမေ မေမေနဲ့ခင်တွယ်တော့လည်း မအေအရင်းမဟုတ်ပေမယ့် နွေးထွေးဂရုစိုက်စေချင်သွားရော၊ဒါပေမယ့် သံဃောဇဥ်မတွယ်မိအောင်တော့နေပါတယ်။သူ့မအေအရင်းသာပေါ်လာရင် ကိုယ်ကဖယ်ပေးရမယ့်လူ၊ချယ်ရီစံတို့က ကိုယ့်ကိုစိတ်ထိခိုက်စေမယ့်အရာတွေမလုပ်ဘူး။

"မေမေ သားနေမကောင်းဘူးထင်တယ်"

"ကောင်လေး မင်းငယ်ငယ်လေးနဲ့ကူလီကူမာတွေအရမ်းတတ်တယ်နော်။ထ ထ မျက်နှာသစ်ပြီးလေ့ကျင့်ခန်းလေးနည်းနည်းလုပ် ထမင်းထစား။မင်းအိမ်တော်ထိန်းက သူမြို့ပြန်မှာမို့ အိမ်မှာ မင်းနဲ့ငါနှစ်ယောက်ထဲကျန်ခဲ့မှာ"

"အိမ်တော်ထိန်းကြီးက သူ့အိမ်ပြန်သွားတယ် ဟုတ်လား မေမေ"

"အင်းလေ"

ခိမ်းWhere stories live. Discover now