Unicode
ရွေးချယ်သည့်နေရာသည် Dubai
အိမ်က လူဆိုးကောင်သည် သေသေချာချာရွေးချယ်ထားတာဖြစ်ပြီး အကုန်planချထားပြီးသားပင်။အလည်အပတ်ဆို များသောအားဖြင့်အရမ်းလှတဲ့နိုင်ငံတွေရွေးတာများသည်။လူဦးရေ ထူထပ်ပြီးတိုးရတာလည်း နှစ်ယောက်လုံးကမကြိုက်တော့ လူဆိုးကောင်ရွေးတဲ့နေရာကိုရင်ခင်းလက်ခံလိုက်သည်။အကုန်bookingပါတစ်ခါထဲလှမ်းချိတ်ထားပြီး သွားမယ့်နေရာတွေကိုလည်းတစ်ခါထဲ လှမ်းချိတ်ထားသည်။
မထွက်ရသေးပေမယ့် သူ့လူဆိုးကောင်ရဲ့ သေသပ်မှုနဲ့စနစ်ကျမှုအတွက် 9မှတ်ပေးထားသည်။ဟိုရောက်မှ ကျန်တဲ့1မှတ်ထပ်ပေးမယ်။အခုလောလောဆယ်တော့ သူ့အလုပ်တွေနှောင့်နှေးမှာဆိုးလို့ အလုပ်ပုံမှန်ဆင်းသတဲ့။
"sir"
တစ်ဖက် ဖုန်းသံမှ ကြားရတဲ့အသံကြောင့် ရင်ခင်းမျက်နှာသည် ဆူပုတ်သွားတော့သည်။စိုင်းဖုန်းဆက်ရင် အလုပ်ကိစ္စသေချာပေါက်ရှိလို့
"အင်း"
"အဆင်မပြေဘူး ကိစ္စပျက်သွားတယ်
sirဝင်ပါမှရမယ်ထင်တယ် သူတို့ဘက်က sirကိုဘဲတွေ့ချင်တယ်ပြောပါတယ်""ငါ မအားဘူးလို့ ပြောထားတယ်လေ"
"ကျွန်တော် သေချာပြောပေမယ့် သူတို့ဘက်ကsirနဲ့ညှိချင်တယ်ပြောပါတယ်"
"ကြာချိန်"
"36hoursပေးထားပါတယ်"
"ဟာ ငါတို့ dubai tripက ဒီညလေ"
စိုင်းက ဘာမှထပ်မပြောတော့ပေ။မတက်နိုင်တော့ဘူး လူဆိုးကောင်ရေ၊မင်းအလုပ်ကိုလည်း ငါအားနာပေမယ့် ငါ့အလုပ်ကလည်း အရေးကြီးနေတယ်
"flightစီစဉ်ထား စိုင်း
ငါအခု ထွက်ခဲ့မယ်""ဟုတ်ကဲ့"
ရင်ခင်း အိမ်သည် အိမ်စေများစွာရှိသည်။သူ့လူဆိုးကောင်ကို အမှာစကားတွေပြောမနေပါ။တော်ကြာ သူ့အကြောင်းတွေသိသွားမှာလည်းစိုးရိမ်သည် အလုပ်ကိုလည်း အပျက်မခံချင်တာကြောင့် ဒီတိုင်း တစ်ရက်လောက်လေးဘဲ အပျောက်ခံလိုက်မည်။
မြန်မာနဲ့ ဒီနဲ့သည်လေယာဉ်အချိန်သည် 8နာရီကြာတာမို့ အသွားအပြန် 16နာရီ ကြားထဲအလုပ်ကိစ္စအတွက် ကြာချိန်ကို3နာရီဆို 19နာရီ။သူ့လူဆိုးကောင် ဒေါသတော့မထွက်လောက်ဘူးထင်ပါတယ်။ထွက်တော့ထွက်မှာပေါ့။