Unicode
ဒီအိမ်ကိုပြောင်းလာပြီးနောက်ပိုင်း အတော်လေးကိုအဆင်ပြေလာသည်ဟုဆိုရမည်။နှစ်ဦးသားရဲ့ဆက်ဆံရေးသည် အရင်လိုပူညံ့ပူညံ့ဟုတ်မနေ
"ကျုပ်တို့ အပန်းဖြေခရီးထွက်ရအောင်"
"ငါ့ကို ဇယားလာမရှုပ်နဲ့ ခိမ်း"
"ခင်ဗျားမလိုက်ဘူးပြောလည်း ကျုပ်ဆန္ဒရှိရင်လိုက်ရမှာသိတယ်မလား"
"သိတယ်"
"အေးဆေးပြောတုန်း လိုက်ခဲ့"
"အဲ့လောက်သွားချင်ရင် သင်္ချိုင်းကုန်းကို သွားမလား"
"ခင်ဗျားကလေ ဘယ်တော့မှအကောင်းပြောလို့မရဘူး"
"ပြောကွာ
ဘယ်ကိုသွားမှာလည်း""မစဥ်းစားရသေးဘူး
ဆိုင်ကယ်စီးလို့ကောင်းမယ့်နေရာ""မင်းတစ်ယောက်ထဲသွားလည်းရတာဘဲကို
မင်းဆိုင်ကယ်နောက်လည်း ငါ့ကအားအားယားယားလိုက်မစီးချင်ဘူး""ကျုပ်ဒီရက်ပိုင်း ခင်ဗျားကိုအရမ်းချစ်နေတော့သေရင်တောင် အတူသေရအောင် ကျုပ်ဘယ်သွားသွားခေါ်သွားမှာ ခင်ဗျားမစီးချင်းလည်းမတက်နိုင်ဘူး"
ကျုပ်ကို အမြဲတမ်းအကန်းတွေပြောနေတာဘဲခင်ဗျားတို့ထင်နေတာမလား။ခင်ဗျားတို့ခိမ်းရဲ့အခု အချိုးကိုမြင်လား။တဘို့ထဲသမား
"အဲ့ဒါဆိုလည်းဖယ်ကွာ
ပွတ်သီးပွတ်သပ်နဲ့"ပေါင်ပေါ်ကိုခေါင်းတင်ထားတဲ့ခိမ်းက တဖြည်းဖြည်း အပေါ်သို့တိုးကာ အင်္ကျီအောက်ကိုရောက်လာတော့သည်။
"မင်းကကြောင်လား
အမြဲပွတ်သီးပွတ်သပ်လုပ်နိုင်လွန်းတယ်""ခင်ဗျားနဲ့ဘဲ"
"ဘာကိုလည်း"
ဘာမှဆက်မပြောတဲ့လူဆိုးကောင်သည် အင်္ကျီအောက်က သူ့ဗိုက်သားတွေကိုအာရုံရောက်သွားတာမို့ စကားမပြန်နိုင်။သူ့သွားတွေနဲ့ ဗိုက်သားကိုတတိတိကိုက်တော့ ရင်ခင်းမနေတတ်
"ခိမ်း!"
"ကြိုက်တယ်"
"......."