Unicode
"ဒီလောက်ဆို ငါပြောပြတာကစုံပြီးထင်တယ်"
"ခိမ်းကိုရော ဖေဖေက သူ့ဖအေအရင်းဆိုတာ ပြောပြထားသေးလား"
"မပြောပြရသေးဘူး။
ပြောပြဖို့လည်း အခွင့်အရေးမရှိသေးဘူး""နာကျင်စရာတွေ များခဲ့မှာဘဲ"
"တောင်းပန်ပါတယ် Law
မင်းကို မိဘမဲ့ဖြစ်စေခဲ့လို့"ရင်ခင်းသည် သက်ပြင်းချလိုက်သည်။
ဒီဇာတ်လမ်းမှာ ဘယ်သူမှမမှားခဲ့။
ဖေဖေရဲ့တာဝန်ယူတတ်မှု၊မိခင်တစ်ယောက်ရဲ့အတ္တ၊အချစ်ကြောင့် ဘာမဆိုလုပ်ရဲတဲ့လူ။ကြားထဲက မြေစာပင်ဖြစ်ခဲ့ရတာက ခိမ်း"အဲ့ဒါဆို ဘာလို့"အကြောင်းပြချက်မရှိဘူး သတ်ချင်လို့သတ်တာ"လို့ပြောသွားတာလဲ"
"ငါက ရန်သူသိပ်များတဲ့လူလေ
မင်းကို အနီးကပ်စောင့်ရှောက်ရင် မင်းအတွက်အန္တရာယ်ရှိလို့ အဝေးကစောင့်ရှောက်ပေးခဲ့တာ။ခိမ်းနဲ့လည်း လက်ထပ်မယ်လို့မထင်ထားခဲ့တာကို""ခိမ်းနဲ့လက်ထပ်တုန်းက ဘာလို့မကန့်ကွက်ခဲ့တာလဲ"
"အဲ့တုန်းက ခိမ်းပျော်နေတာ
တစ်ခါမှ အဲ့လိုပျော်နေတာမျိုးမမြင်ခဲ့ဖူးလို့"Jadonသည် အဲ့အချိန်တုန်းက ကန့်ကွက်ဖို့လုပ်ခဲ့ပေမယ့် ခိမ်းရဲ့အသက်ဝင်လှတဲ့အပြုံးတွေ၊အပျော်တွေကို မဖျက်ဆီးချင်၊သူ့သားက တစ်ခါမှပျော်ခဲ့ရဖူးတာမရှိ။အကယ်၍ ရင်ခင်းကသူကိုသတ်မယ်ဆိုရင်တောင် ခိမ်းပေါက်ပျော်မယ်ဆို သူသေရဲသည်။
"မင်းနဲ့နေတဲ့ တစ်လျှောက်လုံးက ခိမ်းက အရမ်းပျော်နေခဲ့တာ။မင်းက ရည်ရွယ်ချက်ရှိရှိနဲ့သူ့ဆီချည်းကပ်လာတာကိုသိတာတောင် သူမင်းကိုဆက်ချစ်နေတုန်းဘဲ"
ဒါကိုတော့ ရင်ခင်းသိပါတယ်။မာနလေးနည်းနည်းရှိပေမယ့် ဂါဓနီခိမ်း သူ့ကိုချစ်တာကိုခံစားမိသည်။ဒီ3နှစ်တာလုံးမှာ ခိမ်းကတစ်ခါတစ်လေ အငယ်ပီပီ ကလေးဆန်ပြီးဗိုလ်ကျတာလေးရှိပေမယ့် အမြဲအလျော့ပေးပြီးသူနည်းသူဟန်နဲ့ချစ်ပြသွားတာချည်းဘဲ
"မင်းကိုတွေ့ချင်တာက ဒီအကြောင်းတွေပြောပြချင်တာထက် တောင်းဆိုစရာလေးရှိလို့ပါ"